Chapter - 1203

2.7K 535 2
                                    

[Zawgyi]

{အာလူးပူကိုလက်လွှဲခြင်း}

အကြောင်းအရာက သူမဆီဘယ်လိုလုပ်ရောက်လာတာလဲ? နဉ်ရှုသည် အလျင်အမြန်ဒူးညွှတ်အရိုအပေးလိုက်ရင်း ကြောက်ရွံ့နေသည့်လေသံဖြင့်ပြော၏။

"ချီးကျူးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် သခင်မကြီးရှင့်။ ဒီအစေခံက မထိုက်တန်ပါဘူး။"

စုန့်သခင်မသည် နဉ်ရှုကိုမျက်စောင်းထိုးကြည့်ကာ ဝူလနာလသခင်မကိုပြောသည်။

"သူက အရေးမပါတဲ့ အစေခံလေးသာသာပါပဲ။ သူက ဘယ်လိုလုပ်ပြီး သခင်မကြီးဆီက ချီးကျူးမှုကို ခံယူနိုင်မှာလဲ?"

ဝူလနာလသခင်မသည် သူမ၏လက်ကောက်ဝတ်ရှိ အဖြူ ရောင်ကျောက်စိမ်းလက်ကောက်ကို ပွတ်သပ်ကာ အပြုံးလေးနှင့်ဆိုသည်။

"ဒီမိန်းမကလေးက အတော်လေးကောင်းတယ်လို့ တို့တော့ထင်တယ်။ သူက နေ့တိုင်း အချိန်မှန်မှန်လာပြီး အရိုအသေပေးတာ။"

နဉ်ရှုသည် အလောတကြီးဆို၏။

"ဒီလိုလုပ်ဖို့ သခင်မက ဒီအစေခံကိုဟအမိန့်ပေးထားလို့ပါ။ ဒီအစေခံက သခင်မရဲ့မှာကြားချက်ကို လိုက်နာရုံပါပဲ။"

ချီးတဲ့မှ၊ သူမက မျောက်ကိုသတိပေးတဲ့အနေနဲ့ သတ်ဖို့စီစဉ်နေတဲ့ကြက်ကလေးတစ်ကောင်ဖြစ်လာမှာတော့ မဟုတ်ဘူးမလား?

"ကြည့်ပါဦး? ဘယ်လိုရှေ့ထွက်ပြီး ဘယ်လိုပြန်ဆုတ်ရမယ်ဆိုတာကို သိတဲ့သူတွေကို တို့တကယ်သဘောကျတယ်။"

ဝူလနာလသခင်မက အပြုံးဖြင့်ဆိုသည်။

စုန့်သခင်မ၏မျက်နှာသည်တော့ အနည်းငယ်ကြည့်ရဆိုးနေခဲ့ပြီဖြစ်၏။ နဉ်ရှုကိုကြည့်နေတဲ့သူမရဲ့အကြည့်တွေမှာ ဖော်ရွေနွေးထွေးမှုတို့မရှိဘဲ သံသယများသာရှိနေ၏။

နဉ်ရှု :…

အခုအခြေအနေက ဘာကြီးလဲ? ဝူလနာလသခင်မ သူမကိုသတိထားမိသွားစေနိုင်တဲ့ သည်းကျော်တဲ့ကိစ္စတစ်ခုခုများ သူမလုပ်မိလို့လား? ဒါမှမဟုတ် သူမက စုန့်သခင်မကို သတိပေးဖို့ကြိုးစားနေရုံပဲလား?

စုန့်သခင်မသည် ဟန်လုပ်ပြုံးကာဆို၏။

"သခင်မကြီးက ဒီကောင်မလေးကို အရမ်းသဘောကျနေမှတော့ ကျွန်မ ဒီကောင်မလေးကို သခင်မကြီးဆီပေးမယ်လေ။ ဒီကိုယ်လုပ်တော်ရဲ့ ကောင်းမွန်တဲ့ဆန္ဒလေးအဖြစ်မှတ်ယူလိုက်ပါရှင်။ ဒီကောင်မလေးကို သခင်မကြီးရဲ့ဘေးနားမှာ ခစားခွင့်ပြုလိုက်ပေါ့။"

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now