Chapter - 1214

2.8K 547 25
                                    

[Zawgyi]

{ပျော်စရာတစ်ခုခုလုပ်ဆောင်ခြင်း}

ထုံယွီက လင်ဗန်းကို နဉ်ရှုလက်ထဲထည့်ပေးကာ တီးတိုးဆို၏။

"အထဲသွားပြီး သခင်မတွေအတွက် လက်ဖက်ရည်ငှဲ့ပေးချေ။"

နဉ်ရှုသည်ကား နျိုဟုလုသခင်မနှင့် နျိုဟုလုသခင်မငယ်အတွက် လက်ဖက်ရည်ငှဲ့ပေးရန် လင်ဗန်းကိုင်ကာအထဲဝင်သွားသည့်တိုင် ကြောင်အနေဆဲဖြစ်၏။

နျိုဟုလုသခင်မငယ်က နဉ်ရှု လက်ဖက်ရည်ငှဲ့ပေးနေသည်ကိုကြည့်နေပြီးနောက် တစ်ငုံမျှသောက်ကြည့်ရင်း ခေါင်းငြိမ့်ကာဆိုသည်။

"ဒီလက်ဖက်ရည်က အတော်လေးကောင်းတာပဲ။"

လက်ဖက်ရည်ငှဲ့ပေးပြီးသည့်နောက်တွင်တော့ နဉ်ရှုသည် ဘေးဘက်ကိုဆုတ်သွားကာ ကျောက်တိုင်ကြီးတစ်တိုင်လိုရပ်နေတော့၏။ နျိုဟုလုသခင်မက နျိုဟုလုသခင်မငယ်အားမေးသည်။

"မမဆီက တစ်ခုခုလိုလို့လား ညီမလေး?"

"ဘာမှတော့မဟုတ်ပါဘူး၊ ညီမက မမနဲ့ စကားနည်းနည်းပြောချင်ရုံပါ။ တစ်နေ့လုံး ဘာမှလုပ်စရာမရှိတာက အရမ်းပျင်းဖို့ကောင်းတယ်လေ။"

နျိုဟုလုသခင်မငယ်က မေးကိုပွတ်လိုက်ပြီးနောက် စားပွဲပေါ်တွင် လက်ဖက်ရည်စက်များနှင့်စာရေးရန်အတွက် လက်တစ်ချောင်းကို လက်ဖက်ရည်ခွက်ထဲနှစ်လိုက်သည်။

နျိုဟုလုသခင်မငယ် စားပွဲပေါ်မှာ ဘာရေးလိုက်လဲဆိုတာကို နဉ်ရှု ကြည့်လိုက်သည်။ 'စတုတ္ထမင်းသား'ဟူသည့် စာလုံးများပင်ဖြစ်သည်။

"ညီမလေးက ကြတ်ခြေခတ်ပန်းထိုးနည်းကို ထွင်ခဲ့တယ်မဟုတ်ဘူးလား? ညီမမှာ ဘာမှလုပ်စရာမရှိရင် ပန်းထိုးနေလို့ရတာပဲ။"

နျိုဟုလုသခင်မက လက်ဖက်ရည်ခွက်ကိုကိုင်ကာ တစ်ငုံမျှသောက်ပြီးနောက် နူးညံ့စွာဆို၏။

နျိုဟုလုသခင်မငယ်က သူမ၏လက်ချောင်းလေးများကို လက်ကိုင်ပဝါဖြင့်သုတ်ရင်းပြောသည်။

"တစ်ခုခုလုပ်နေတာက ပျော်စရာကောင်းပါတယ်၊ ဒါပေမယ့် ညီမက သိပ်ပြီးစိတ်မရှည်တတ်ဘူး။"

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now