Chapter - 1219

2.7K 561 9
                                    

[Zawgyi]

{သူက အတော်လေးစားနိုင်တာပဲ}

"သခင်မငယ်လေးက ဗိုက်ဆာနေတာဖြစ်နိုင်ပါတယ် မင်းသား။"

နျိုဟုလုသခင်မက ရင်ကျန်းကိုအကြံပေးသည်။

"ကျေးဇူးပြု ပြီး ဒီနိမ့်ကျတဲ့အစေခံကို သခင်မလေးကို အစာကျွေးခွင့်ပြုပါ!"

နို့ထိန်းက ကြမ်းပေါ်တွင်ဒူးထောက်နေရင်းမှ အလျင်စလိုပြောလာသည်။ ကောင်းမွန်တဲာအမူအကျင့်တွေကိုပြသခြင်းဖြင့် သူမရဲ့အတိတ်ကအမှားတွေကိုဖုံးကွယ်နိုင်ဖို့ သူမမျှော်လင့်နေခြင်းပင်။

ရင်ကျန်းက အေးစက်စွာရယ်လေ၏။

"မင်းလို ရက်စက်တဲ့မိန်းမနဲ့ ငါ့သမီးတော်ကို ငါက နီးကပ်စေဖို့ဆိုတာ မဖြစ်နိုင်ဘူး။"

ရင်ကျန်းက သူ့အနီးတွင်ခစားရသည့်ကုန်းကုန်းဖြစ်သူ စုဖေရှန်းကို နို့ထိန်းအသစ်တစ်ဦးသွားရှာစေသည်။

လောလောဆယ်တော့ သခင်မငယ်လေးက သင့်တော်သည့်အစားအသောက်များကိုစားရမည်ဖြစ်သောကြောင့် သူတို့က အစာကြေလွယ်သည့်ဟင်းအနှစ်တချို့နှင့် အသီးအရွက်ဆန်ပြုတ်ကိုပြင်ဆင်ပေးကြသည်။ သခင်မငယ်လေးမှာ အချိန်ကြာမြင့်စွာငိုကြွေးထားရသဖြင့် ကြို့ထိုးလို့နေ၏။ သို့သော်လည်း သူမလေးက စားစရာများရောက်လာသည်နှင့် ချက်ချင်းပင်အငိုရပ်ကာ စတင်စားသောက်တော့သည်။

"ဒီနို့ထိန်းကို ကြိမ်ဒဏ်ဆယ်ချက်ပေးပြီး အိမ်တော်အပြင်ဘက်မှာ ပစ်ထားလိုက်။"

ရင်ကျန်းက အေးစက်စွာဆိုသည်။ ထို့နောက် သူက စားသောက်နေသည့် သခင်မငယ်လေးကိုကြည့်လိုက်ကာ သူမလေး ကောင်းကောင်းစားသောက်နေသည်ကို တွေ့လိုက်ရ၏။ ခဏသာကြာသေးသော်လည်း သူမလေးက ဆန်ပြုတ်ပန်းကန်တစ်ဝက်ပင်ကုန်နေချေပြီ။

"သူက အတော်လေးစားနိုင်တာပဲ။"

ရင်ကျန်း၏နှလုံးသားအတွင်းမှ အနည်းငယ်မကြည်မသာဖြစ်နေမှုလေးသည် ကွယ်ပျောက်လို့သွား၏။ ပထမတော့ ဒီကလေးက တစ်လတောင်အသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ သူတွေးမိခဲ့သော်လည်း အခုတော့ သူမလေးက ကျန်းမာသည်ထက်ကျန်းမာလာသည်။ သူ စိတ်သက်သာရာရသွား၏။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now