Chapter - 1993

3.7K 673 90
                                    

[Zawgyi]

{ဒေါက်၊ ဒေါက်၊ ဒေါက်...}

နဉ်ရှု ကိုယ်လက်သန့်စင်ကာ အိပ်ရာဆီပြန်သွားလိုက်သည်။ သူမ ပြိုင်ဘက်ကင်းသိုင်းပညာကို စတင်လေ့ကျင့်နေခဲ့ပြီဖြစ်၏။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီတာဝန်ပြီးဆုံးဖို့အတွက် သူမ ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်တစ်ခုလိုအပ်သည်လေ။

ဒီပြိုင်ဘက်ကင်းသိုင်းပညာက သူမ systemဆီကရှိခဲ့တဲ့အရာမဟုတ်တာကြောင့် နဉ်ရှု အတော်လေးဝမ်းသာနေသည်။ မဟုတ်ရင် သူမ ဒါကို အခုအသုံးပြုဖို့ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ပေ။

ထင်ထားသလိုပါပဲ၊ မင်းကိုယ်မင်းမှီခိုပြီး သင်ကြားနိုင်ဖို့က အရေးကြီးပါတယ်။ systemဆီကရတဲ့အရာတွေက တစ်ခါတစ်ခါသုံးစားလို့မရတဲ့အပြင် ဘာသတိပေးမှုမှလည်းမရှိဘဲ ပြန်ရုတ်သိမ်းခံရနိုင်တယ်။ systemက လူတွေရဲ့ဘဝအကြောင်းတွေကို လုံးဝရုမစိုက်ဘူး။

တစ်ခြားအစေခံသုံးယောက်ကတော့ အိပ်ရာဝင်သွားကြပြီ။ နဉ်ရှု ပြိုင်ဘက်ကင်းသိုင်းပညာရဲ့ဆောင်ပုဒ်ကိုတိတ်တိတ်လေူ အလွတ်ရွတ်နေလိုက်သည်။

ဒေါက်၊ ဒေါက်၊ ဒေါက်...

ထိုအချိန်တွင်ပင် တံခါးခေါက်သံပေါ်လာသည်။ တံခါးခေါက်သံက အရမ်းကိုစည်းချက်ညီပြီး လူတစ်ယောက်ရဲ့နှလုံးသားကိုခေါက်နေသလိုပင်။

"ဟေး၊ တစ်ယောက်ယောက် တံခါးသွားဖွင့်ပါဦး။ တစ်ယောက်ယောက်ရဲ့သခင်က တစ်ခုခုလိုအပ်နေတာဖြစ်မယ်။"

အစေခံတစ်ယောက်က နှာသံဖြင့်ပြောလာသည်။

"ကိုယ်ဝန်ရှိနေတဲ့စုန့်သခင်မက တစ်ခုခုလိုအပ်နေတာဖြစ်လိမ့်မယ်။ ဘဟ်သူ့သခင်ပဲဖြစ်ဖြစ် တံခါးသွားဖွင့်လိုက်ပါ။"

တစ်ခြားအစေခံတစ်ယောက်က ပြောလာသည်။

သူတို့က ဒီလိုပြောနေပေမယ့်လည်း အစေခံသုံးယောက်လုံးက အိပ်ရာကနေထလိုက်ကြပြီ။

နဉ်ရှုကတော့ တံခါးခေါက်သံကြောင့် အနည်းငယ်စိတ်ထင့်နေ၏။ သူမ ရုတ်တရက် စိတ်ထဲမသိုးမသန့်ဖြစ်လာပြီး စိုးရိမ်လာသည်။

"ငါသွားဖွင့်လိုက်မယ်။"

နဉ်ရှု မလှုပ်တာကိုသူတို့မြင်တဲ့အခါ အစေခံတွေထဲကတစ်ယောက်က နဉ်ရှုကိုမျက်လုံးလှန်ပြကာ ဖိနပ်စီးလိုက်လေ၏။ သူမက ရေနံဆီမီးအိမ်ပိုလင်းလာဖို့အတွက် မီးစာကိုအရင်မြှင့်လိုက်ကာ တံခါးဆီလျှောက်သွားသည်။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now