Chapter - 1204

2.8K 551 6
                                    

[Zawgyi]

{သခင်အပြောင်းအလဲ}

နောက်ဆုံးတော့ နဉ်ရှုသည် ဤတာဝန်၏အမှန်တကယ်ခက်ခဲမှုကို နားလည်သွားချေပြီ။ ကိုယ့်ကံကြမ္မာကိုယ်ထိန်းချုပ်ပိုင်ခွင့်မရှိသောအစေခံတစ်ယောက်အနေဖြင့် အသက်ရှင်သန်ဖို့အတွက်သည်ပင် ကြီးမားသောစိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်နေပြီဖြစ်၏။

အမျိုးသမီးများကြားက တိုက်ပွဲများသည် ပို၍ပင်ကြောက်ဖို့ကောင်းသည်။ သွေးတစ်စက်မှမထွက်ဘဲ လူသတ်နိုင်သည့်နည်းလမ်းသည် အမှန်တကယ်ပင်ရှိနေ၏။

နဉ်ရှု ငြိမ်သက်စွာသာရပ်နေဖြစ်ခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စတွေက ဒီလိုဖြစ်လာခဲ့ပြီးပြီပဲ။ သူမရဲ့အသက်ကိုခြိမ်းခြောက်လာနိုင်တာမျိုးရှိလာရင်တော့ သူမရဲ့သိုင်းပညာကိုအားကိုးကြောင့် သူမ သေချာပေါက်ထွက်ပြေးလွတ်မြောက်နိုင်ပေသည်။

ဝူလနာလသခင်မနှင့် စုန့်သခင်မတို့သည်ဘတစ်ဦးတစ်ဦးပြုံးကြည့်နေခဲ့ကြ၏။ ဝူလနာလသခင်မက ကျက်သရေရှိစွာပြုံးနေခြင်းဖြစ်သော်ငြား စုန့်သခင်မ၏မျက်နှာထက်မှအပြုံးသည်တော့ အနည်းငယ်တောင့်တင်းနေခဲ့သည်။

"ဒီမိန်းကလေးက အရမ်းသဘောကျဖို့ကောင်းတယ်လို့ ဒီကိုယ်လုပ်တော်ထင်ပါတယ် သခင်မကြီးရှင့်။ သခင်မကြီးက သူ့ကို ကျွန်တော်မျိုးမကို ဘာကြောင့်မပေးရတာပါလဲ? ကွိန်တော်မျိုးမမှာ လက်တိုလက်တောင်းခိုင်းဖို့ ကောင်မလေးတစ်ယောက်လောက်လို့နေပါတယ်။"

အခြားသောအမျိုးသမီးတစ်ဦးက ရုတ်တရက်ဆိုသလိုပြောလာ၏။

နဉ်ရှု ထိုအမျိုးသမီးကိုကြည့်လိုက်သည်။ သူမသည်ကား နျိုဟုလုသခင်မပင်ဖြစ်၏။ နျိုဟုလုသခင်မသည် မတိုးသာမဆုတ်သာအခြေအနေကိုချိုးဖျက်ရန်အလို့ငှာ စကားပြောလာခြင်းပင်။ တရားဝင်ဇနီးဖြစ်သောဝူလနာလသခင်မသည် ကိုယ်လုပ်တော်တစ်ဦး၏အစေခံကို သေချာပေါက်မလိုချင်သော်ငြား စုန့်သခင်မသည်လည်း နဉ်ရှုကို ဆက်လက်ခေါ်မထားလိုတော့။ တစ်ယောက်က အစေခံကိုမလိုချင်၊ တစ်ယောက်ကတော့ အစေခံကို လက်ဆောင်အဖြစ် အတင်းအကြပ်ပေးနေ၏။

Fourth Prince's Harem(Realm-19)[Myanmar Translation]Kde žijí příběhy. Začni objevovat