Chapter - 1991

4K 618 35
                                    

[Zawgyi]

{ကိုယ်ဝန်တစ်လ}

စုန့်သခင်မမှာ ကိုယ်ဝန်ရှိနေပြီဟု နဉ်ရှုခံစားနေရသည်။ ဤကလေးသည် ရင်ကျန်း၏ပထမဆုံးကလေးပင်။ ရင်ကျန်း နန်းတော်မှထွက်ကာ လက်အောက်ခံအိမ်တော်တစ်ခု၌ပြောင်းရွှေ့နေထိုင်ပြီးတည်းက ပထမဆုံးရသည့်ကလေး။

"စုန့်သခင်မ ဘယ်လိုနေလဲ?"

ပထမအဆင့်ကြင်ယာတော်ဖြစ်သည့် ဝူလနာလသခင်မက သွေးကြောစမ်းနေသည့် သမားတော်ကိုမေးသည်။ ပထမအဆင့်ကြင့်ယာတော်က မေးလိုက်တဲ့အခါ ကျန်အမျိုးသမီးအားလုံးသည်လည်း သမားတော်ကိုကြည့်လာကြသည်။

သူတို့ထဲက တစ်ချို့ကတော့ ဘာဖြစ်နေတယ်ဆိုတာကို နားလည်ပုံရသော်လည်း တစ်ချို့ကတော့ ရှုပ်ထွေးနေဆဲဖြစ်ပုံရ၏။

"စုန့်သခင်မက ကိုယ်ဝန်တစ်လရှိနေပါပြီ။ ခန္ဓာကိုယ်အားနည်းနေလို့ သတိမောသွားတာပါ။"

သမားတော်က ပြောသည်။

ပထမအဆင့်ကြင်ယာတော်က ကျက်သရေရှိစွာခေါင်းငြိမ့်သည်။

"မောင်မင်း တစ်ခုခုလိုအပ်ရင် ဒီကြင်ယာတော်ကိုပြောပါ။"

အခြားသောအမျိုးသမီးများစွာတို့သည်ကား မနာလိုဖြစ်နေပုံရ၏။ သူတို့က သူတို့ရဲ့ဗိုက်ကို ပွတ်သပ်လိုက်ကြပြီးနောက် ဖော်ရွေခြင်းမရှိသည့်အမူအရာနှင့် ကုတင်ပေါ်လဲလျောင်းနေသော စုန့်သခင်မကိုကြည့်လိုက်ကြ၏။

"မယ်မင်းတို့သခင်မက အခု ကိုယ်ဝန်ရှိနေပြီဆိုတော့ သေချာဂရုစိုက်ပါ။ သူက မင်းသားရဲ့ပထမဆုံးရင်သွေးပဲ။ ဘာအမှားမှ ဖြစ်ခွင့်မပြုဘူး။"

ဝူလနာလသခင်မက နဉ်ရှုနဲ့တစ်ခြားအစေခံများကို အလေးအနက်သတိပေးလာသည်။

“နားလည်ပါပြီ။”

ဝူလနာလသခင်မ စတုတ္ထမင်းသား၏ မိန်းမတစ်ပြုံကြီးနှင့်ထွက်သွားပြီးနောက် အခန်းမှာ ချက်ချင်းပင်လစ်ဟာသွားသည်။

နဉ်ရှု စုန့်သခင်မရဲ့မျက်နှာကို သုတ်ပေးပြီးနောက် သူမရဲ့ဗိုက်ကိုကြည့်လိုက်သည်။ ကလေးက ကောင်းကောင်းမွန်မွန်မွေးဖွားလာခဲ့ပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးရလိမ့်မယ်။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now