Chapter - 1996

3.5K 610 20
                                    

[Zawgyi]

{လောကကြီးက အန္တရာယ်တွေနဲ့ပြည့်နေတယ်}

"မူလခန္ဓာရှင်တွေရဲ့ဝိဥာဉ်တွေ ပြန်ရောက်လာတာလား?"

နဉ်ရှု မေးလိုက်သည်။

2333က ခေါင်းငြိမ့်၏။

နဉ်ရှု စိတ်သက်သာရာရသွားသည်။ သူမအခန်းထဲဝင်လာတာကို သူတို့သုံးယောက်မြင်တဲ့အခါ နဉ်ရှုကိုမေးလာသည်။

"ညဥ့်နက်နေပြီကို နင်ဘယ်သွားနေတာလဲ?"

"နင် တစ်ယောက်ယောက်နဲ့ချိန်းတွေ့ဖို့သွားတာတော့မဟုတ်လောက်ဘူးမလား?"

နောက်အစေခံတစ်ယောက်က အထင်သေးစွာမေးလာသည်။

နဉ်ရှု ဘာမှမပြောဘဲ ကုတင်ပေါ်မှာလှဲချလိုက်သည်။ ကျောင်းဆရာဝန်အန်ကယ်ထိုင်သွားပြီးတော့ ကုတင်ကပင် အေးစက်စက်လေထုတွေရှိနေသယောင်။ ကုတင်ပေါ်လှဲနေရင်း သူမဆံပင်တွေထောင်ထသွားသည်။

အနက်ရောင်လေကာအင်္ကျီနဲ့ အေးစက်စက်အလင်းတွေဖြာထွက်နေတဲ့ မျက်မှန်ကသာ သူမစိတ်ထဲကြီးစိုးနေသည်။ အရမ်းကိုအေးစက်စက်နိုင်ပြီး ဂရုမထားတဲ့ပုံစံမျိုးနဲ့ စိတ္တဇဖြစ်နေတာက အမြင့်ဆုံးလယ်ဗယ်ကိုတောင်ကျော်လွန်နေလောက်ပြီ...။

ဒီကလေးမလေး ကြောက်လိုက်တာရှင်!

ထိုညက နဉ်ရှု ကောင်းကောင်းအိပ်မပျော်လေရာ နောက်နေ့မနက်မှာ ခေါင်းနည်းနည်းကိုက်လာသည်။ သူမရှေ့မှာလှုပ်ရှားနေကြတဲ့ အစေခံသုံးယောက်ကိုတွေ့တဲ့အခါ သူတို့ကိုယ်ထဲမှာရှိနေခဲ့ဖူးတဲ့တာဝန်ထမ်းဆောင်သူသုံးယောက်မှာ ထာဝရပျောက်ကွယ်သွားပြီဖြစ်ကြောင်း သတိရလာ၏။

သူမ ကျောချမ်းလာမိသည်။

လောကကြီးက အန္တရာယ်တွေနဲ့ပြည့်နေသလိုခံစားရတယ်။

နဉ်ရှု နည်းနည်းစိတ်ဓာတ်ကျသွားသည်။ မနေ့ညက သူမ တကယ်ကြောက်နေခဲ့တာရယ်။ သူမ 2333ကိုပြောလိုက်သည်။

"ရုတ်တရက်ကြီး အဓိပ္ပါယ်မရှိတော့သလိုပဲ။"

"မင်းက ဘာအဓိပ္ပါယ်ရှိချင်တာလဲ?"

2333က တုန့်ပြန်မေးခွန်းထုတ်လာသည်။

"တစ်ခုကိုရဖို့ တစ်ခုကိုလက်လွှတ်ရမယ်။ လူတိုင်း ထာဝရအသက်ရှင်ချင်ကြပေမယ့် လူတိုင်းထာဝရအသက်မရှင်နိုင်ဘူး။ တစ်ချို့လူတွေက မသေမျိုးဖြစ်လာဖို့၊ သူတို့ရဲ့ကံတရားကို ထိန်းချုပ်နိုင်လောက်တဲ့အထိသန်မာလာဖို့ ပြင်းပြင်းထန်ထန်ကျင့်ကြံကြတယ်။ လောကမှာ အလကားဆိုတာ ဘာမှမရှိဘူး။ မင်းထိတ်လန့်နေရတာ၊ ကြောက်ရွံ့နေရတာက မင်းလုံလောက်တဲ့အထိမသန်မာသေးလို့ပဲ။"

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now