Chapter - 1215

2.7K 528 3
                                    

[Zawgyi]

{အစာအိမ်မအီမသာဖြစ်ခြင်း}

ထုံယွီက သူမကို ဒီမှာစောင့်နေလိမ့်မယ်လို့ နဉ်ရှု ဘယ်တုန်းကမှမတွေးမိချေ။ ဒါက သူမ လူမိခံလိုက်ရသလို ခံစားရစေ၏။

"ကျွန်မ အိမ်သာသွားတာပါ။ ဝမ်းလျှောနေလို့။"

နဉ်ရှုက သူမ၏ဗိုက်ကို အုပ်ကိုင်ကာပြောသည်။

ထုံယွီက နဉ်ရှုဘယ်သွားသည်ဆိုသည်ကို အမှန်တကယ်ဂရုစိုက်ခြင်းမရှိဘဲ ပြောလာ၏။

"သခင်မ နေလို့မကောင်းဘူး၊ သခင်မကို လိုက်ကြည့်ပေးပါ။"

"ဟုတ်ကဲ့။"

နဉ်ရှုသည် ထုံယွီ့နောက်မှနေ၍ နျိုဟုလုသခင်မ၏အခန်းဆီလိုက်သွား၏။ နျိုဟုလုသခင်မသည် ကုတင်ပေါ်တွင်လဲလျောင်းနေကာ သူမ၏မျက်နှာကတော့ အနည်းငယ်ဖျော့တော့နေခဲ့သည်။

နဉ်ရှုသည် နျိုဟုလုသခင်မ၏သွေးကြောကိုသွားစမ်းကြည့်ပြီးနောက်ဆို၏။

"သခင်မ ဘာမှမဖြစ်ပါဘူး။ သခင်မရဲ့ဗိုက်က နည်းနည်းမအီမသာဖြစ်နေရုံပါ။"

စိတ်ပျက်အားလျော့ခြင်းတစ်ချို့က နျိုဟုလုသခင်မ၏မျက်နှာထက်တွင်ဖြတ်ပြေးသွားသည်။ သူမဘေးနားတွင်ရှိနေသည့်ထုံယွီက သူမအမူအရာကိုမြင်လိုက်သည်ကြောင့် နဉ်ရှုကိုမေးလာ၏။

"အစာအိမ်မအီမသာဖြစ်တာလောက်ပဲလား?"

နျိုဟုလုသခင်မနှင့်ထုံယွီ၏အမူအရာများကိုကြည့်လိုက်မိပြီးနောက် နဉ်ရှု သဘောပေါက်သွားသည်။ သူတို့က ဒါကို ကိုယ်ဝန်ရတာရဲ့လက္ခဏာလို့ ထင်နေကြပုံရသည်။ နဉ်ရှုက ပြော၏။

"ဒါဆို ဒီအစေခံကို နောက်တစ်ခေါက်ထပ်စမ်းခွင့်ပြုပါ။"

အခုက အရမ်းညဥ့်နက်နေပြီဖြစ်တာကြောင့် နျိုဟုလုသခင်မသည် အိမ်တော်၏သမားတော်အား လာရောက်ဖို့သွားမခေါ်နိုင်ချေ။ သို့အတွက် သူမက နဉ်ရှုကိုခေါ်လိုက်ခြင်းပင်ဖြစ်၏။ နဉ်ရှု သွေးကြောကို ခဏကြာအောင်စမ်းသပ်ကြည့်သော်လည်း သွေးကြောမှားစမ်းမိခြင်းလုံးဝမဟုတ်ပေ။

"ဒါက ရိုးရိုးအစာအိမ်အောင့်တာလောက်ပါပဲ သခင်မ။ စိုးရိမ်စရာမလိုပါဘူး။"

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now