Chapter - 1238

2.3K 411 2
                                    

[Unicode]

{အဝတ်ကိုစစ်ဆေးခြင်း}

"ကျေးဇူးတင်ပါတယ် သခင်မ။"

နဉ်ရှု အရိုအသေပေးလိုက်သည်။

ယခု သူမက နျိုဟုလုသခင်မရဲ့ ကိုယ်ပိုင်အစေခံဖြစ်လာခဲ့ပြီဖြစ်၏။ အခု နျိုဟုလုသခင်မက သူမကိုယုံကြည်သွားပြီလို့ ဆိုလိုသည်ထင်၏။

နဉ်ရှုက အဝတ်တွေကို စစ်ဆေးရန်ပြန်သွားသည်။ ရာသီဥတုတွေက ပြောင်းလဲနေပြီး ဒီအဝတ်တွေအားလုံးက အဝတ်ချုပ်သူကိုယ်တိုင်ပြုလုပ်ထားသည်များဖြစ်သည်။ သူမရဲ့အလုပ်က သည်အဝတ်အစားတွေမှာ မူမမှန်တာတစ်ခုခုရှိ‌နေမလားဆိုတာ စစ်ဆေးရခြင်းဖြစ်၏။

သူမအနေဖြင့် အတွင်းပိုင်းအဝတ်များကို အထူးပိုဂရုစိုက်ဖို့လိုသည်။

နဉ်ရှု အတော်လေးဆွံ့အနေမိသည်။ သူမ ဒီကမ္ဘာက ဘယ်အချိန်မှထွက်သွားလို့ရမှာလဲ? ဒီစစ်ဆေးမှုက ဘယ်အချိန်မှပြီးမှာလဲ?

နဉ်ရှုက အဝတ်တစ်ထည်ကိုကောက်ယူလိုက်ပြီး စစ်ဆေးရန်လှန်လှောကြည့်လိုက်သည်။ အထပ်ထပ်အခါခါစစ်ဆေးပြီးနောက် ကော်လာထက်တွင် အဖြူရောင်တစ်ချို့နှင့် ရေစက်တွေကို သူမတွေ့လိုက်ရသည်။

သူမက အဝတ်ကို သူမနှာခေါင်းနားဆီမကာ အနံ့ခံကြည့်ပြီးနောက် မျက်မှောင်ကုတ်သည်။ ထို့နောက် သူမက နျိုဟုလုသခင်မကိုပြောသည်။

"ဒီကို ခဏလောက်လာပေးပါ သခင်မ။"

နျိုဟုလုသခင်မက ပုခက်လွှဲနေတာဖြစ်သော်လည်း နဉ်ရှုစကားကိုကြားသည်၌ သူမက နဉ်ရှုဆီလျှောက်လာ၏။ နဉ်ရှုက အဝတ်ကို သူမရှေ့ချပေးလိုက်သည်။ နျိုဟုလုသခင်မက အဝတ်ကိုကောက်ယူရန်ပြင်လိုက်သော်လည်း နဉ်ရှုက အလောတကြီးဆိုလာ၏။

"မထိနဲ့။ အဲ့ပေါ်မှာ ကျောက်ရောဂါပြည်တွေရှိနေတယ်။"

နျိုဟုလုသခင်မက ချက်ချင်းပင်လက်ပြန်ရုတ်ကာ နောက်ဆုတ်သွား၏။ သူမက ထစ်ငေါ့စွာဆိုလာသည်။

"အဝတ်တွေပေါ်မှာ အဲ့လိုဟာမျိုး ဘယ်လိုလုပ်ရှိနေရတာလဲ?"

"ဒီအစေခံ အဝတ်ကိုသွားလွှင့်လိုက်ပါ့မယ် သခင်မ။"

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now