Chapter - 1235

2.3K 416 3
                                    

[Unicode]

{....ကသခင်မ}

"တစ်ယောက်ယောက်က ရှင့်ကို တစ်ခုခုပြောခဲ့သေးလား?"

နဉ်ရှု ကလေးထိန်းကိုမေးလိုက်သည်။

ကလေးထိန်းက နဉ်ရှုကို အတော်လေးမုန်းတီးနေပုံပေါ်သည်။

"ဘယ်သူမှ ဘာမှမပြောဘူး။ ငါက သခင်လေးကို နင့်ဘာသာဂရုစိုက်နေတာကို ကြည့်မနေနိုင်တော့လို့ပဲ။ နင်က သူ့ကို နင်တစ်ယောက်တည်းနဲ့ပဲ ရင်းနှီးစေချင်နေတာ။"

နဉ်ရှု အနည်းငယ်ဆွံ့အသွားသည်။ သူက ကလေးကို ဒီအကြောင်းပြချက်လေးနဲ့ ထိခိုက်စေခဲ့တာပေါ့?

မဟုတ်သေးဘူး၊ အတွင်းနန်းဆောင်မှာ ကိစ္စတစ်ခုက ဒီလောက်ရိုးရှင်းနေစရာအကြောင်းလုံးဝမရှိဘူး။ လှုပ်ရှားမှုတိုင်းရဲ့နောက်ကွယ်မှာ ရည်ရွယ်ချက်‌တွေရှိတယ်။

"သခင်မ..."

နဉ်ရှုက နျိုဟုလုသခင်မရဲ့နားနားကို တိုးကပ်သွားကာ အသံတိုးတိုးဖြင့်ဆိုသည်။

"တစ်ယောက်ယောက်က ကလေးထိန်းကို ရည်ရွယ်ချက်ရှိရှိ သွေးထိုးပေးခဲ့တာလို့ ဒီအစေခံထင်ပါတယ် သခင်မ။"

ချမ်းသာတဲ့မိသားစုမှာ အလုပ်လုပ်တဲ့ကလေးထိန်းတစ်ယောက်အတွက် အကျိုးအမြတ်အများကြီးရှိသည်။ ထို့အပြင် သည်ကလေးက မင်းကြီး၏မြေးတော်ဖြစ်သည်မို့ ဖော်ပြ၍မရနိုင်သည့် အခွင့်အရေးပေါင်းများစွာလည်းရှိနေ၏။ ကလေးက သူမကိုသဘောကျလျှင် ပို၍ပင်အကျိုးများသေးသည်။

နဉ်ရှုက ကလေးထိန်းကို ကလေးအနားကပ်ခွင့်မပေးတာမို့ ကလေးထိန်းက သူမကို အင်မတန်မုန်းတီးနေခြင်းဖြစ်သည်။

ဒီကိစ္စမှာ တစ်ယောက်ယောက်က သွေးခွဲခဲ့သည်ဆိုပါက အရာအားလုံးအဓိပ္ပါယ်ရှိသွားပေပြီ။

နျိုဟုလုသခင်မက ကြမ်းပေါ်ဒူးထောက်နေသည့် ကလေးထိန်းကိုကြည့်သည်။ သူမက တရိပ်ရိပ်တက်လာသည့်ဒေါသတို့ကို အချိန်ခဏယူကာထိန်းချုပ်လိုက်ပြီး ထုံယွီ့ကိုလှမ်းပြောသည်။

"မင်းသားကိုသွားခေါ်။ တို့တွေ မင်းသားကို ဒီအကြောင်းပေးသိရမယ်။"

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now