Chapter - 1992

3.7K 598 4
                                    

[Zawgyi]

{ကပ်စေးနည်းတစ်ယောက်ကို ဘယ်လိုဒုက္ခပေးမလဲ}

နဉ်ရှု ဘေးမှာသာရပ်နေခဲ့သည်။ သူမ ဘာမှမပြောသလို ကပ်ဖားရပ်ဖားလုပ်ကာ အနှောင့်အယှက်ပေးတာမျိုးလည်းမရှိ။

ကိုယ်ဝန်ရှိနေသောစုန့်သခင်မမှာ လွန်စွာဇီဇာကြောင်သည်။ နေ့လယ်စာစားချိန်၌ သူမက ဟင်းတွေကအရသာမရှိဘူးဆိုတာနှင့် သူမနဲ့မကိုက်ညီဘူးဆိုတာကိုပဲ ပြောနေခဲ့သည်။ အနှစ်ချုပ်လိုက်လျှင်တော့ သူမသည် စားပွဲပေါ်မှာရှိတဲ့ဘယ်ဟင်းကိုမှအကြိုက်မတွေ့။

သူမက အကုန်လုံးကိုချေး(ဂျေး)များနေပြီး စားဖိုစောင်ကို စားပွဲအသစ်ပြင်ပေးဖို့ပြောသည်။ သို့သော်လည်း သူမက သူမဘာစားချင်တယ်ဆိုတာကို သေချာမပြောပြတာကြောင့် ဟင်းလျာစားပွဲကိုလည်း စိတ်ကျေနပ်ခြင်းမရှိ။

ဘေးမှကြည့်နေသော နဉ်ရှုနှုတ်ခမ်းများမှာ တွန့်ကွေးနေချေပြီ။ ဒီအမျိုးသမီးက အရမ်းကိုဘဝင်မြင့်လွန်းသည်။ သူမက ကိုယ်ဝန်ရှိနေတယ်ဆိုရင်တောင်မှ ထပ်ခါထပ်ခါပြန်လုပ်ပေးနေရတာကြောင့် သူမကို လူတွေ မုန်းတီးလာစေသည်။

အတွင်းနန်းဆောင်မှာ လွယ်လွယ်ကူကူကလေးမွေးဖွားပေးနိုင်ဖို့ဆိုတာ မလွယ်ပေ။ ဒီအချိန်က နှိမ့်နှိမ့်ချချနေသင့်သည့်အချိန်ဖြစ်သည်။ စုန့်သခင်မက ဒီလိုလုပ်နေမယ်ဆိုရင် နန်းဆောင်တိုင်းက သူမအထြေအနေကိုသိသွားပေလိမ့်မည်။

သူမ ချေး(ဂျေး)များချင်တယ်ဆိုရင်တောင် ဒီလိုတော့မလုပ်နိုင်ပေ။

စုန့်သခင်မက အင်တင်တင်ဖြင့် နည်းနည်းသာစားပြီး စားပွဲကိုရှင်းခိုင်းလိုက်သည်။ သူမက ကျန်နေတဲ့စားစရာတွေကို အစေခံတွေကိုပေးကမ်းခဲ့ပြီး နဉ်ရှုသည်ပင် ဝေစုရလေသည်။

သို့သော်လည်း နဉ်ရှုက ထိုအရာများကိုမစားဘဲ အစေခံမိန်းကလေးတစ်ယောက်စားရမည့်ဟာကိုသာစားသည်။

ညစာစားချိန်ရောက်ပြီး ရင်ကျန်းရောက်လာချိန်တွင် သူမက အခြားစားပွဲကိုပြင်ဆင်ထားပြီးဖြစ်သည်။ စားစရာတွေကို ရင်ကျန်းမြင်တဲ့အခါ မျက်မှောင်ကုတ်လေ၏။ တန်ဖိုးကြီးစားသောက်ဖွယ်များဖြင့်သာပြည့်နေသောစားပွဲဝိုင်းကြောင့် အနည်းငယ်မပျော်မရွှင်ဖြစ်နေသည်မှာ သိသာ၏။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now