Chapter - 1234

2.4K 446 13
                                    

[Unicode]

{သခင်လေးကို တစ်ခါမှထိခိုက်စေလိုစိတ်မရှိပါ}

နဉ်ရှု ကိစ္စများကိုတွေးဆကြည့်လိုက်ပြီး တစ်ခုခုမှားနေတယ်လို့ခံစားနေရမှုကို ဘေးဖယ်မထားနိုင်တော့ချေ။ ပြသနာက သေချာပေါက် ကလေးထိန်းဆီက စလာတယ်လို့ သူမခံစားနေရသည်။ သို့သော်လည်း အစားအသောက်ပြသနာမှလွဲ၍ သူမ အခြားအရာများကိုမစဉ်းစားနိုင်ပေ။

"ကလေး ဗိုက်မဆာသေးလို့ နို့မတိုက်သေးနဲ့ဦး။"

နဉ်ရှုက ကလေးကိုပွေ့ချီလိုက်သည်။ ကလေးထိန်းမှာ အံ့ဩသွားပုံပေါ်၏။ သူမ နို့တိုက်ဖို့ အဆင်သင့်ပြင်ပြီးနေတာကို ဒီမိန်းကလေးက ဘာလို့ ရုတ်တရက်ကြီး ဆန့်ကျင်ဘက်ဆုံးဖြတ်လိုက်ရတာလဲ?

နဉ်ရှု တစ်စုံတစ်ခုကို ရုတ်တရက်တွေးမိသွားကာ နို့နည်းနည်းကိုယူပြီး မြည်းစမ်းကြည့်လိုက်သည်။ နို့တွေက အတော်လေးငံနေသည်။

"နင်..."

နဉ်ရှုက ကလေးကိုပွေ့ချီကာ လှည့်ထွက်သွားတော့သည်။ ကလေးထိန်းမှာ သူမရဲ့အင်္ကျီကိုပင် ပြန်စေ့ဖို့အချိန်မရတော့ဘဲ နဉ်ရှုကိုတားဖို့ အလျင်စလိုလှုပ်ရှား၏။

"အစ်မလေးမြောင်လင်း၊ ကျွန်မ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး သခင်မကိုမပြောပါနဲ့!"

ကလေးထိန်းရဲ့မျက်နှာက သေလူလိုဖြူစုတ်နေတော့သည်။

"အစ်မလေးမြောင်လင်း၊ ကျွန်မ ဒီလိုထပ်မလုပ်ရဲတော့ပါဘူး။ ကျေးဇူးပြုပြီး၊ ကျွန်မ ရှင့်ကိုတောင်းပန်ပါတယ်!"

နဉ်ရှုက စကားမပြောဘဲ ဆက်လျှောက်သွား၏။ ကလေးထိန်းက နဉ်ရှုရဲ့ခြေထောက်ကိုဖက်လိုက်သည်။

"အစ်မလေးမြောင်လင်း၊ ကျေးဇူးပြုပြီး!"

နဥ်ရှုက ကလေးထိန်းကိုခွာထုတ်ရန်အတွက် ‌ခြေထောက်ကိုယမ်းခါလိုက်သည်။ ကလေးထိန်းက ဘေးကိုပစ်ကျသွားပြီး ကြမ်းပေါ်လဲကျသွား၏။

နဉ်ရှုက ကလေးကို နျိုဟုလုသခင်မဆီခေါ်သွားကာ အရိုအသေပေးပြီးဆို၏။

"ဒီအစေခံ သခင်မကို စိတ်ပျက်စေမိပါပြီ။ ဒီအစေခံ တကယ်တောင်းပန်ပါတယ်။"

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now