Chapter - 1997

3.4K 585 6
                                    

[Zawgyi]

{ရင်ကျန်းရဲ့အတွင်းနန်းဆောင်}

နဉ်ရှု သေချင်သွားသည်။ ဒီလိုတာဝန်မျိုး ပေးအပ်ခံရတာက တကယ်ကိုဆိုးရွားလွန်းပြီး အဆိုးဆုံးကတော့ သူမ ဒါကို လုပ်ကိုလုပ်ရမည်ဆိုသည်ပင်။

သူမ ပထမအဆင့်ကြင်ယာတော်ရဲ့ခြံဝင်းကို သွားလိုက်သည်။ အစေခံတစ်ယောက်ရဲ့လမ်းပြမှုဖြင့် သူမ အဓိကခန်းမဆီဝင်လိုက်သည်။ သူမ ခန်းမထဲဝင်မိတယ်ဆိုရင်ပဲ အခန်းထဲတွင် များပြားလွန်းသည့်အလှလေးများထိုင်နေသည်ကို တွေ့လိုက်ရ၏။

ဝူလနာလသခင်မသည်တော့ ရာထူးအမြင့်ဆုံးခုံမှာ ဣနြေ္ဒအပြည့်ဖြင့် လွန်စွာမှပင်ကျက်သရေရှိစွာထိုင်နေလေ၏။ နဉ်ရှု အခန်းထဲကို အလျင်အမြန်ပင်လျှောက်ဝင်သွားကာ ဝူလနာလသခင်မကို လေးစားစွာဖြင့်ဒူးညွှတ်အရိုအသေပေးလိုက်သည်။

"ပထမအဆင့်ကြင်ယာတော်ကို ဒီအစေခံ ဂါရဝပြုပါတယ်။"

ပထမအဆင့်ကြင်ယာတော်ဘာမှမမေးရသေးခင်မှာပင် ဘေးတွင်ထိုင်နေသောအမျိုးသမီးတစ်ဦးက အရင်ဦးအောင်မေးလာ၏။

"မင်းသခင်မက သခင်မကြီးကို ဘာလို့ဂါရဝလာမပြုတာလဲ?"

စကားပြောနေတဲ့ကိုယ်လုပ်တော်ကို နဉ်ရှုကြည့်လိုက်သည်။ သူမကား ဂုံသခင်မဖြစ်ပေ၏။ နဉ်ရှု ဒူးညွှတ်အရိုအသေပေးကာပြောလိုက်သည်။

"ဂုံသခင်မ၊ ကျွန်တော်မျိုးမရဲ့သခင်မက ဒီမနက်နိုးလာတော့ အားနည်းပြီးအရမ်းကိုနေမကောင်းဖြစ်နေပါတယ်။ ဒါကြောင်ာ သခင်မကြီးကိုလာတောင်းပန်ဖို့ ကျွန်တော်မျိုးမကိုလွှတ်လိုက်တာပါ။"

နဉ်ရှုက ဒူးကိုတစ်ဝက်နီးပါးညွှတ်ပြီးမှ စကားပြောခြင်းဖြစ်၏။ သူမရဲ့ပုံစံက အရမ်းကိုရိုကျိုးပြီး လေးစားပုံပေါ်နေသည်။

ဝူလနာလသခင်မက ခပ်ဖျော့ဖျော့အပြုံးတစ်ခုဖြင့်ပြောလာသည်။

"ရပါတယ်ကွယ်။ စုန့်သခင်မကနေမကောင်းဘူးဆိုတော့ မယ်မင်း သမားတော်ခေါ်ပြီးပြီလား?"

နဉ်ရှု အလျင်အမြန်ပင်ပြောလိုက်ရသည်။

"သခင်မက ဒါကိုခံနိုင်တဲ့အတွက် ရေးကြီးခွင်ကျယ်လုပ်နေဖို့မလိုဘူးလို့ပြောပါတယ်။ သူမရဲ့အဆင့်အတန်းကိုကျော်လွန်တဲ့အပြုအမူမျိုးတွေ မလုပ်နိုင်ဘူးလို့လည်းပြောပါသေးတယ်။"

Fourth Prince's Harem(Realm-19)[Myanmar Translation]Où les histoires vivent. Découvrez maintenant