Chapter - 1200

3K 526 8
                                    

[Zawgyi]

{မင်းသားရဲ့ပထမဆုံးကလေး}

"ငါ နင့်ကို မင်းသားကိုခေါ်လာဖို့ပြောတာ၊ မင်းသားကို!"

နဉ်ရှုက သမားတော်ခေါ်ပြီးပြန်လာသည်ကိုမြင်ချိန်၌ စုန့်သခင်မကအော်လေ၏။ ရင်ကျန်းကိုမတွေ့တာကြောင့် သူမရဲ့မျက်နှာအရောင်က ချက်ချင်းပင်ဆိုးရွားသွားသည်။

"ဘာဖြစ်လို့လဲ?"

ရင်ကျန်းက ဝူလနာလသခင်မနှင့်အထဲကိုဝင်လာသည်။

"မင်းသား"

စုန့်သခင်မက ပျော်ရွှင်စွာအော်သည်။ ထို့နောက် သူမက ပျာယာခတ်နေသောလေသံဖြင့် ဆို၏။

"မင်းသား၊ ကျွန်တော်မျိုးမဗိုက်က တကယ်နာတယ်။"

ရင်ကျန်းက ကုတင်ဘေးမှာထိုင်ကာ နူးညံ့စွာဆို၏။

"မင်း အဆင်ပြေသွားမှာပါ။"

"ဒါပေမယ့် မင်းသား၊ ကျွန်တော်မျိုးမ တကယ်ကြောက်မိတယ်။"

စုန့်သခင်မက ရင်ကျန်းလက်ကို တင်းကြပ်စွာကိုင်ထားရင်းဆိုသည်။

"စုန့်သခင်မ ဘယ်လိုနေသေးလဲ?"

သမားတော်ကိုမေးလိုက်တဲ့ရင်ကျန်းရဲ့အသံက ပိုပိုပြီးအေးစက်လာသည်။

ဝူလနာလသခင်မသည်တော့ ဘေးကနေသာ တည်ငြိမ်စွာကြည့်နေကာ ဘာမှဝင်မပြောပေ။

"သခင်မ ဘာမှမဖြစ်ပါဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ဒါကပုံမှန်ပါပဲ။ သခင်မက ကောင်းကောင်းမွန်မွန်အနားယူပြီး စိတ်ကိုတည်ငြိမ်အောင်ထားသင့်ပါတယ်။"

သမားတော်က ခေါင်းယမ်းရင်းဆိုသည်။

ရင်ကျန်းက စုန့်သခင်မကိုကြည့်သည်။

"တွေ့လား? မင်း ဘာမှမဖြစ်ဘူး။ ကောင်းကောင်းအနားယူပါ။"

နောက်ပြန်လှည့်သွားတဲ့ရင်ကျန်းရဲ့မျက်ခုံးတွေက တွန့်ချိုးလျက်ရှိကာ သူက လက်နှစ်ဖက်ကိုနောက်ပစ်လျက် ထွက်သွားတော့၏။ ဝူလနာလသခင်မက စုန့်သခင်မကိုပြောသည်။

"စိတ်မလှုပ်ရှားပါနဲ့ စုန့်သခင်မ။ ရှင် အရမ်းစိတ်ဖိစီးနေလို့ပါ။"

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now