Chapter - 1232

3K 529 7
                                    

[Unicode]

{အမေတစ်ယောက်လိုစိုးရိမ်နေ}

"ဒီအစေခံ ဒီလိုဂုဏ်ပြုမှုမျိုးကို လက်မခံရဲပါဘူး။"

နျိုဟုလုသခင်မရဲ့ စိတ်သက်သာရာရသွားတဲ့အမူအရာကိုတွေ့လိုက်ရသည်၌ သူမ ထောင်ချောက်မိသွားပြီဖြစ်ကြောင်း နဉ်ရှု ချက်ချင်းနားလည်လိုက်သည်။

နျိုဟုလုသခင်မက သည်လိုပစ္စည်းမျိုးတွေပါတဲ့သေတ္တာကိုထုတ်ယူလာပြီးမှတော့ သူမ အဲ့ပစ္စည်းတွေကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ သခင်‌လေးကို ဂရုစိုက်ရတော့မည်ဖြစ်၏။ ထို့အပြင် နျိုဟုလုသခင်မက သူမကို သည်လိုတန်ဖိုးရှိတဲ့ရတနာတွေ တကယ်ပေးဖို့ ဘယ်တုန်းကမှမစီစဉ်ထားပေ။

သူမသာ အစေခံတစ်ယောက်ကို တကယ်ဆုလာဘ်ပေးချင်သည်ဆိုပါက သူမ သေတ္တာထဲကနေ သာမန်ကာလျှံကာကောက်ယူလိုက်သည့် မည်သည့်ပစ္စည်းမဆို အစေခံတစ်ယောက်အတွက် အလွန်ပင်အဖိုးတန်နေမည်ဖြစ်၏။

သူတို့တစ်ယောက်ချင်းစီတိုင်းက ကြံစည်တဲ့‌နေရာမှာ အမှန်ပင်အရည်အချင်းရှိလှပေသည်။

ဒါက စမ်းသပ်ချက်တစ်ခုပင် ဖြစ်နိုင်သေး၏။

နဉ်ရှု : →_→

ဒီတာဝန်က ဘယ်အချိန်မှပြီးမှာလဲ?!

နျိုဟုလုသခင်မက ယခုလေးတင်ကမှ ကလေးမွေးထားသည်မို့ လွန်စွာပင်ပန်းနေပြီဖြစ်၏။ ထိုအချိန်တွင်ပင် ရင်ကျန်းက နျိုဟုလုသခင်မနှင့် သူမရဲ့ကလေးကိုလာကြည့်သည်။

နဉ်ရှု အခန်းထဲမှထွက်လာလိုက်သည်။ သူမ အတော်လေးဆွံ့အနေချေပြီ။ သူမရဲ့တာဝန်က စုန့်သခင်မရဲ့ကလေးကိုဂရုစိုက်ဖို့ဖြစ်ပေမယ့် အခုတော့ နျန်သခင်မက က‌လေးကိုပျိုးထောင်နေပြီး သူမလေးကို အရမ်းကိုကောင်း‌မွန်စွာပျိုးထောင်နေသည်။

အခု သူမက နျိုဟုလုသခင်မရဲ့ကလေးကို ကြည့်ရှုပေးရတော့မယ်။ ဒီတာဝန်က ဘာလဲ? ဒါက သူမရဲ့ကလေးမဟုတ်ဘဲနဲ့ သူမက အမေတစ်ယောက်လိုစိုးရိမ်နေရတယ်။ မဟုတ်သေး၊ တကယ်တော့ သူမက အမေတစ်ယောက်ထက်တောင် ပိုစိုးရိမ်နေရသေးတယ်။

ထုံယွီက နဉ်ရှုကို မတူတဲ့အခန်းတစ်ခုဆီပြောင်းရွှေ့ဖို့ကူညီပေးသည်။ သည်အခန်းက နျိုဟုလုသခင်မရဲ့အခန်းဘေးမှာရှိကာ အတော်လေးကြီးမားသည်။ နဉ်ရှုနဲ့ ကလေးထိန်းက ကလေးကို သည်အခန်းမှာကြည့်ရှုပေးရမည်ဖြစ်၏။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now