Chapter - 1226

2.6K 498 7
                                    

[Unicode]

{ဒါက အရည်အချင်းတွေရဲ့အဓိပ္ပါယ်ပဲ}

ဒီလူက ဘာကိုမှဂရုမစိုက်ဘူးလို့ ထုံယွီခံစားလိုက်ရသည်။

"ညီမ သေမှာကြောက်တယ်။ ညီမ အသက်ရှင်ချင်တယ်။"

နဉ်ရှုက ပြုံးစစနှင့်ဖြေသည်။

ထုံယွီက သရော်သည်။

"နင် သခင်မကို ထိခိုက်အောင်မလုပ်သရွေ့၊ သခင်မက နင့်ကို ကာကွယ်ပေးမှာပါ။"

"ညီမက သခင်မဘက်မှာ သေချာပေါက်ရှိတာပေါ့။"

နဉ်ရှုက ပြောသည်။

ထုံယွီ့ရဲ့အမူအရာက မပြောင်းလဲပေ။ သူမက နဉ်ရှုရဲ့စကားတွေကို ယုံလား၊ မယုံဘူးလားဆိုတာ သိပ်မသိသာ‌ချေ။

ကိုယ်ဝန်ဆောင်တို့၏ထုံးစံအတိုင်း နျိုဟုလုသခင်မသည် မနက်ပိုင်းဖျားနာခြင်းတို့ စဖြစ်လာ၏။ သူမသည် အင်မတန်မူးဝေခြင်း၊ ပျို့အန်ခြင်းနှင့် အိပ်ငိုက်ခြင်းတို့ကို ခံစားလာရ၏။ ဒါတွေက ကိုယ်ဝန်ဆောင်တွေရဲ့ ပုံမှန်လက္ခဏာတွေပင်။

ထုံယွီက နဉ်ရှုကိုလာရှာကာ သူမမှာ ပျောက်ကင်းနိုင်မည့်ဆေးရှိသလားမေးသည်။ သခင်မသာ ကျန်းမာရေးသိပ်မကောင်းဘဲ အစားအသောက်ဆက်ပျက်နေမည်ဆိုလျှင် သူမရဲ့ခန္ဓာကိုယ်က ခံနိုင်မည်မဟုတ်ပေ။

နဉ်ရှုက ထုံယွီ့ကို ပူဒီနာရွက်တွေနဲ့လိမ္မော်ခွံတွေထည့်ထားသည့် အမွှေးအိတ်ကိုပေးကာဆို၏။

"နေလို့မကောင်းသလိုဖြစ်လာရင် ဒါကိုရှူပေးလို့ရတယ်။ ဟင်းချက်တဲ့အခါမှာလည်း ရှာလကာရည် နည်းနည်းပိုထည့်ပေးလို့ရတယ်။ အဲ့ဒါက စားချင်စိတ်မြင့်တက်လာအောင် ကူညီပေးနိုင်တယ်။"

ထုံယွီက အမွှေးအိတ်ကိုယူကာ သမားတော်ကိုသွားပြသည်။ သမားတော်က ဒါတွေက ဘာပြသနာမှမရှိဘဲ ဒီနည်းလမ်းကိုသုံးတာက နေထိုင်မကောင်းဖြစ်နေတာကို ချိုးနှိမ်ဖို့ တကယ်ဖြစ်နိုင်တယ်လို့ ပြောလေ၏။

နောက်ဆုံးတော့ နျိုဟုဘုသခင်မက စိတ်သက်သာရာရသွားပြီး နဉ်ရှု သူမအတွက်လုပ်ပေးတဲ့အမွှေးအိတ်ကို စဆောင်ထားတော့သည်။ သို့သော်လည်း မနက်ပိုင်းနေထိုင်မကောင်းဖြစ်မှုကို ဘာဆေးကမှမကုသနိုင်ဘဲ သူတို့လုပ်နိုင်တာက ဖျားနာမှုကို ဖိနှိပ်ထားရန်သာဖြစ်၏။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now