Chapter - 1239

2.3K 395 4
                                    

[Unicode]

{ကောင်းကောင်းမွန်မွန်ပြန်လာခြင်း}

ဒါက ဒီတာဝန်ထဲမှာ အရေးအကြီးဆုံးတာဝန်ဖြစ်မည်ထင်သည်။ သူမ လူတစ်ယောက်ရဲ့အသက်ကိုကယ်ခဲ့ရပြီး ယခုတော့ ကိုယ့်အသက်ကို ကယ်ရဦးမည်။

အောင်မြင်မှုကိုလှမ်းမြင်နေရချိန်မှာ နဉ်ရှု သည်တာဝန်ကို မကျရှုံးချင်တော့ပေ။ ထို့အတွက် သူမက သမုဒ္ဒရာလောက်များတဲ့ဆေးတွေကို နေ့တိုင်းသောက်ကာ လိမ်းလည်းလိမ်းသည်။ သူမက သူမသုံးနိုင်သည့်နည်းလမ်းမှန်သမျှ အကုန်သုံးလေ၏။

သူမသည် သေခြင်းတရားကို တစ်ယောက်တည်းရင်ဆိုင်ရုန်းကန်ရင်း တစ်ခါမှမခံစားခဲ့ရဖူးသည့် အထီးကျန်ဆန်ခြင်းတို့ကိုခံစားနေရသည်။ ဒီနေရာမှာ သူမအတွက် တစ်ယောက်လေးပင်ရှိမနေခဲ့။

သူမ ဓာတုကုထုံးခံယူနေရချိန်တုန်းကပင် သူမဘေးနားမှာ ဆရာဝန်တွေနဲ့သူနာပြုတွေရှိနေခဲ့သည်။ သို့သော်လည်း ဒီမှာတော့ အိမ်တော်ကလူတိုင်း သူမကိုရှောင်ရှားနေကြသည်။ စိတ်ပျက်အားငယ်ခြင်းက သူမရဲ့နှလုံးသားလေးထဲစတင်ပြန့်နှံ့လာ၏။ ဖော်မပြနိုင်လောက်အောင်ကျယ်ပြောသည့် ဟာလာဟင်းလင်းဖြစ်နေမှုသာရှိ၏။

ဒီတာဝန်ရဲ့ရည်ရွယ်ချက်က သူမ ရောဂါနှိပ်စက်တာကို ထပ်ခံစားရအောင်လုပ်ဖို့လား?

နဉ်ရှုတစ်‌ယောက် သူမရဲ့မျက်နှာကိုကုတ်ချင်နေတာကို ခက်ခက်ခဲခဲချုပ်တီးနေရသည်။ အရမ်းယားတယ်! သို့သော်လည်း သည်လိုပြည်တည်နာမျိုးက ပေါက်ထွက်သွားတာနဲ့ အရည်တွေထိမိတဲ့နေရာတိုင်းမှာ နောက်ထပ်ပြည်တည်နာတွေထပ်ပေါက်လာစေနိုင်သည်။ သူမ သူမရဲ့အကျင့်မကောင်းတဲ့လက်သည်းတွေကို သူတို့လုပ်ချင်သလိုလုပ်ခွင့်ပေးမထားနိုင်ပေ။

သို့သော်လည်း ကံကောင်းစွာဖြင့် နှစ်လကြာကုသပြီးနောက်တွင် နဉ်ရှုမျက်နှာပေါ်ကပြည်တည်နာတွေက တဖြည်းဖြည်း အနာဖေးတက်လာ၏။ သူမ ကျော်လွှားသွားနိုင်ပြီဆိုသည့်အဓိပ္ပါယ်ပင်။

အနာဖေးတွေ တဖြည်းဖြည်းပျောက်သွားချိန်၌ နဉ်ရှုက အမာရွတ်တွေကျန်နေခဲ့တာကိုကာကွယ်ဖို့ သူမမျက်နှာမှာ ဆေးပင်တစ်ချို့အုံလိုက်၏။ သူမက နျိုဟုလုသခင်မရဲ့ ကိုယ်ပိုင်အစေခံဖြစ်လာမှာဖြစ်ပြီး နောက်ပိုင်းမှာ နန်းတွင်းကိုဝင်ရနိုင်သည်။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now