Chapter - 1229

2.4K 470 3
                                    

[Unicode]

{လက်သည်ထပ်ဖြစ်ပြန်ပြီ}

နျိုဟုလသခင်မငယ်ရဲ့နှလုံးသားက နေ့စဉ်နဲ့အမျှအေးစက်လာချိန်မှာ နျိုဟုလုသခင်မရဲ့ဗိုက်ကတော့ နေ့စဉ်နဲ့အမျှပိုကြီးလာသည်။ သူမမှာ မွေးဖွားပြီးနောက်နာကျင်ခြင်းတို့ခံစားနေရချိန်၌ သူမကိုယ်သူမကောင်းကောင်းဂရုမစိုက်နိုင်လောက်အောင်ပင် စိုးရိမ်ပူပန်နေလျက်ရှိ၏။

နျိုဟုလုသခင်မငယ်က သူမရဲ့ကလေးကိုနာမည်ပေးဖို့ ရင်ကျန်းကို ထပ်ကာထပ်ကာတောင်းဆို၏။ ရင်ကျန်းအတွက် သူမရဲ့ကလေးကို ဟုန်လီလို့နာမည်ပေးလိုက်ဖို့လေးက ဘာကြောင့်အရမ်းခက်ခဲနေရမှန်း သူမနားလည်နိုင်။

ကိုယ်ဝန်ဆောင်ပြီးချိန်နီးလာသည်နှင့်အမျှ နျိုဂုလုသခင်မမှာ စိတ်လှုပ်ရှားလာ၏။ သူမက နဉ်ရှုကိုခေါ်တွေ့သည်။

နဉ်ရှုက နျိုဟုလုသခင်မကို နှစ်သိမ့်၏။

"စိတ်မပူပါနဲ့ သခင်မ။ သခင်မရဲ့ကလေးက အနေအထားမှန်ပြီး သူ့ခေါင်းက တင်ပါးဆုံရိုးထဲ ဝင်မလို့ဖြစ်နေပါပြီ။ နောက်ရက်အနည်းငယ်အတွင်းမှာ မွေးပါလိမ့်မယ်။"

"လက်သည်တွေ စီစဉ်ပြီးပါပြီလား သခင်မ?"

နဉ်ရှုက မေးသည်။

နျိုဟုလုသခင်မက ခေါင်းငြိမ့်သည်။

"တို့အမေကို လက်သည်တွေရှာပေးဖို့ ပြောထားပြီးပြီ။ အမေက အဲ့လက်သည်တွေကို သေချာဂရုတစိုက်နဲ့စစ်ဆေးထားတာမို့ ဘာပြသနာမှမရှိနိုင်ပါဘူး။"

နျိုဟုလုသခင်မက နဉ်ရှုရဲ့လက်ကို ရုတ်တရက်ဆုပ်ကိုင်လာ၏။ သူမက အတော်‌လေးအားသုံးကာ ဆုပ်ကိုင်ထားသည်မို့ သူမရဲ့လက်သည်းတွေက နဥ်ရှုရဲ့အသားထဲ စိုက်ဝင်လုနီးပါးပင်။ သူမက နဉ်ရှုကို လေးနက်စွာကြည့်ကာမေး၏။

"တို့ မင်းကိုယုံလို့ရနိုင်မလား မြောင်လင်း?"

"ကျေးဇူးပြုပြီး ဒီအစေခံကို ယုံပေးပါ သခင်မ။ သခင်တစ်ခုခုဖြစ်ရင် ဒီအစေခံအတွက် ဘာအကျိုးမှမရှိပါဘူး။"

နဉ်ရှုက ပြန်‌ဖြေသည်။

နျိုဟုလုသခင်မက နဉ်ရှုရဲ့လက်ကို မလွှတ်ပေးချေ။

Fourth Prince's Harem(Realm-19)[Myanmar Translation]Waar verhalen tot leven komen. Ontdek het nu