Chapter - 1208

2.7K 531 2
                                    

[Zawgyi]

{မွေးဖွားမှုကိုကူညီပေး}

ရင်ကျန်းသည် လွန်စွာမှပင်စိုးရိမ်ပူပန်နေရကား နျိုဟုလုသခင်မပြောသည်ကိုကြားလိုက်ရချိန်၌ မျက်မှောင်ကုတ်လေ၏။

"သူက ဆေးပညာနည်းနည်းပါးပါးလောက်သိတဲ့အစေခံတစ်ယောက်ပဲကို။ သူဝင်သွားရင် ပြသနာပိုဖြစ်စေနိုင်လို့ မသွားသင့်ဘူး။"

နျိုဟုလုသခင်မ၏မျက်နှာထက်တွင် ပုံမှန်မဟုတ်သည့်အမူအရာတစ်ခုဖြတ်ပြေးသွားသည်။

"ဒီကိုယ်လုပ်တော် မဆင်မခြင်ပြောမိပါတယ်။"

နဉ်ရှု အတော်လေးအကူအညီကင်းမဲ့ဆနသလိုခံစားလိုက်ရသည်။ သူမအတွက် အထဲဝင်ဖို့မဖြစ်နိုင်တော့ဘူးထင်သည်။

ဝမ်းဆွဲသည် ခန်းဆီးစကိုမကာ အလျင်အမြန်လျှောက်လာပြီး ရင်ကျန်း၏ရှေ့တွင်ဒူးထောက်၏။ သူမသည် ကြောက်ရွံ့စွာဆို၏။

"သခင်မက မွေးဖွားရခက်နေပါတယ် မင်းသား။ ကလေးရဲ့ခြေထောက်ကတော့ ထွက်လာပါပြီ။"

ရင်ကျန်းသည် ခဏကြာအောင်အံ့အားသင့်သွားပြီးနောက် မျက်နှာကိုပွတ်ကာ အေးစက်စွာဆို၏။

"ကလေးကိုကယ်ဖို့ မင်းလုပ်နိုင်တာအကုန်လုပ်။"

"ဒီအစေခံကို ကြိုးစားကြည့်ခွင့်ပေးပါ သခင်မ။"

အခုတော့ နဉ်ရှု တကယ်ကိုကြောက်လန့်နေပြီဖြစ်သည်။

နျိုဟုလုသခင်မသည် စိတ်တိုနေသည့်ဟန်ဖြင့် တီးတိုးဆို၏။

"သူဘာပြောလိုက်တယ်ဆိုတာ မင်းလည်းကြားတာပဲ။ မွေးဖွားရခက်နေတာ!"

အခန်းတွင်းမှထွက်လာသည့် စုန့်သခင်မ၏ညည်းတွားသံခပ်တိုးတိုးကို နဉ်ရှုကြားနေရသည်။ သူမသည် အလွန့်အလွန်ကိုမှအားနည်းနေပုံရ၏။

နျိုဟုလုသခင်မသည် စိတ်ရှုပ်နေဟန်ဖြင့် သူမ၏နဖူးကိုပွတ်လိုက်သော်လည်း ထို့နောက်တွင်တော့ ရင်ကျန်းကိုပြောလိုက်ချေသည်။

"ကျေးဇူးပြု ပြီး ဒီကိုယ်လုပ်တော်ရဲ့အစေခံကို ကြိုးစားကြည့်ခွင့်ပေးပါ မင်းသား။"

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now