Chapter - 1189 (ရေခဲတုံးကြီးအားအောင်နိုင်ခြင်း)

15.6K 745 46
                                    

[Zawgyi]

"2333...တာဝန် စလိုက်ရအောင်။"

နဉ်ရှု 2333ကိုပြောလိုက်သည်။

"ကောင်းပြီ။"

နဉ်ရှု မူးဝေခြင်းကို ခဏတာခံစားလိုက်ရသည်။ သူမဝိဥာဉ်ဝင်ပြီးနောက် သူမမျက်လုံးဖွင့်လိုက်ပြီး ချက်ချင်းပင် တစ်ကိုယ်လုံးစေးကပ်ကပ်ကပ်ဖြစ်နေမှုကိုခံစားလိုက်ရသည်။ သူမအောက်မှာ နွေရာသီ၌အိပ်သောဖျာတစ်ချပ်ရှိနေသော်လည်း သူမပူနေဆဲ..။

အချိန်ကတော့ ညအတော်နက်နေပြီဖြစ်သည်။ စားပွဲပေါ်မှာ ရေနံဆီမီးအိမ်တစ်လုံးကိုထွန်းညှိထားပြီး အခန်းထဲမှာတော့ အိပ်ရာလေးခုရှိနေသည်။ အိပ်ရာတွေပေါ်မှာ လူတွေအိပ်ပျော်နေကြကာ တစ်ခါတစ်ခါတွင် သူတို့ကဘအိပ်နေရင်းနှင့်ပင် ဟိုလှည့်သည်လှည့်လုပ်နေကြသည်။

ညဥ့်နက်နေဆဲဖြစ်ကာ ပုစဉ်းရင်ကွဲတစ်ချို့၏အော်မြည်သံကြောင့် ညသည်အလုံးစုံတိတ်ဆိတ်မနေ...။

နဉ်ရှု ရေငတ်လာတာကြောင့် အိပ်ရာပေါ်မှာထကာ ရေတစ်ခွက်ငှဲ့ရန် စားပွဲဆီလျှောက်သွားလိုက်သည်။ ရေက အေးစက်နေသော်လည်း တကယ်ကိုသန့်ရှင်းပေသည်။

ရေသောက်ပြီးနောက်တွင် နဉ်ရှု အိပ်ရာဆီအလျက်အမြန်သွားကာ ဇာတ်ကြောင်းကိုလက်ခံလိုက်သည်။

ဤတစ်ကြိမ်တွင်တော့ သူမသည် မြောင်လင်းဟုခေါ်သည့် အစေခံကလေးဖြစ်၏။ သူမ၏သခင်မမှာ ရင်ကျန်း၏ကိုယ်လုပ်တော်တစ်ဦးဖြစ်သည့် စုန့်သခင်မဖြစ်သည်။ များပြားလှစွာသောအကြောင်းတရားများကြောင့် သူမမှာ အတွင်းနန်းဆောင်၏အရှုပ်အထွေးများကြား သေဆုံးခဲ့ရသည်။

ဒီကမ္ဘာက အတော်လေးပရမ်းပတာဖြစ်နေတယ်ဆိုတာ နဉ်ရှုသိသွားခဲ့၏။ ဒီကမ္ဘာက ချင်မင်းဆက်ခေတ်ဖြစ်ပြီး ဝိဥာဉ်ကူးပြောင်းသူတွေကြောင့် အပေါက်များစွာဖြစ်နေသောကမ္ဘာပင်။ ဒါက နဂါးကိုးကောင်ရဲ့ နန်းပုလ္လင်အတွက်တိုက်ခိုက်ခြင်းမှာ အဆုံးသတ်သွားခဲ့ပြီး စိတ်နေစိတ်ထားမတူညီသော မင်းသားကိုးယောက်ရှိနေသည်။ မင်းသားတစ်ပါးစီတိုင်းက အမျိုးသားများကြားတွင်တော့ အတော်လေးထွားကြိုင်းပေသည်။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now