Chapter - 1202

2.9K 563 30
                                    

[Zawgyi]

{ပမအဆင့်ကြင်ရာတော်ထံသွားရောက်ခြင်း}

နဉ်ရှုက ရိုးရှင်းလွန်းစွာပင်ပြောသည်။

"အခုက သာမာန်အချိန်မျိုးမဟုတ်တဲ့အတွက် သခင်မအနေနဲ့ ပိုပြီးဂရုစိုက်သင့်တယ်။ သခင်မရဲ့စကားတွေနဲ့ အပြုအမူတွေကို ပိုပြီးသတိထားသင့်တယ်။"

"နင်က ငါ့ကိုသင်ပြနေတာလား?"

စုန့်သခင်မသည် နဉ်ရှုကိုကြည့်လိုက်ပြီးနောက် သူမရဲ့လက်ကို ဟုန်မေ့ရဲ့လက်ပေါ်တင်လိုက်ကာ ဖြည်းညင်းစွာထရပ်၏။

နဉ်ရှုသည် အလျင်စလိုပင်ဒူးထောက်ကာ ပြော၏။

"ဒီအစေခံက သခင်မကို မသင်ပြပေးရဲပါဘူး။"

စုန့်သခင်မသည် သူမ၏နားထင်မွှေးကို သပ်ချရင်း ပေါ့ပါးစွာဆို၏။

"ဒါပေမယ့် မင်းမှန်တယ်။ ငါ့အပြုအမူတွေကို ငါပိုပြီးသတိထားသင့်တယ်။"

နဉ်ရှု အနည်းငယ်အံ့အားသင့်သွားသည်။ ထို့နောက် သူမက အမွှေးအိတ်တစ်အိတ်ကိုထုတ်ကာ စုန့်သခင်ကိုပြောလိုက်သည်။

"သခင်မ၊ ဒီအမွှေးအိတ်က ကျွန်တော်မျိုးမလုပ်ထားတဲ့အိတ်ပါ။ အိတ်ထဲမှာ လိမ္မော်ခွံတွေနဲ့ပူဒီနာရွက်တွေထည့်ထားတယ်။ သခင်မ မူးဝေလာတဲ့အခါ၊ နေလို့မကောင်းဖြစ်လာတဲ့အခါမျိုးမှာ ဒီအိတ်ကိုထုတ်ပြီး အနံ့ရှူ ပေးပါ။ ဒါက သခင်မရဲ့နေရထိုင်ရမသက်မသာဖြစ်နေတာတွေကို လျော့နည်းစေပါလိမ့်မယ်။"

စုန့်သခင်မက ခေါင်းငြိမ့်ကာ ဟုန်မေ့ကိုတစ်ချက်ကြည့်သည်။ ဟုန်မေ့သည် အမွှေးအိတ်ကိုယူရန် ချက်ချင်းပင်လျှောက်လာ၏။

"ငါနဲ့အတူ ပထမအဆင့်ကြင်ယာတော်ဆီလိုက်ခဲ့။"

စုန့်သခင်မက နဉ်ရှုကိုပြောသည်။

နဉ်ရှုသည် ချက်ချင်းပင်ဒူးညွှတ်အရိုအသေပေးလိုက်၏။

ထို့နောက်တွင်တော့ စုန့်သခင်မသည် ဟုန်မေ့နှင့် နဉ်ရှုကို အခြားသောအစေခံများနှင့်အတူ ဝူလနာလသခင်မ၏ခြံဝင်းသို့ ခေါ်ဆောင်သွားလေ၏။

စုန့်သခင်မသည် သူမ၏ခါးကို အလွန်တရာပုံကြီးချဲ့ကာကိုင်ထားသည်ကို နဉ်ရှုတွေ့လိုက် ရသည်။ ဗိုက်က အခုထိတောင်မမြင်ရသေးတာကို သူမက ခါးကို ဘာအတွက်ဒီလိုကြီးကိုင်ထားရတာလဲ?

Fourth Prince's Harem(Realm-19)[Myanmar Translation]Место, где живут истории. Откройте их для себя