Chapter - 1223

2.5K 482 2
                                    

[Unicode]

{ဒီကောင်မလေးကို ညီမ ငှားလို့ရမလား?}

နျိုဟုလုသခင်မငယ်က သူမကို သူမရဲ့ကလေးမွေးဖွားရာမှာ တကယ်မကူညီစေချင်ဘူးဆိုတာ နဉ်ရှု အတော်လေးသေချာပေသည်။ သူမက ဒိစကားကို ခပ်ပေါ့ပေါ့ပြောနေခြင်းသာဖြစ်၏။

"မမ၊ ဒီကောင်မလေးကို ညီမ ခဏလောက်ငှားလို့ရမလား? ညီမက ပန်းပင်လေးတွေစိုက်ရတာကြိုက်လို့ ညီမခြံဝင်းက ပန်းပင်တွေနဲ့ပြည့်နေ‌တာကို မမသိပါတယ်။ ညီမက အခု ကိုယ်ဝန်ရှိနေပြီမို့ အဲ့ပန်းတွေထဲကတချို့က ညီမရဲ့ကလေးအတွက်မကောင်းမှာကို စိုးရိမ်မိတယ်။"

နျိုဟုလုသခင်မငယ်က နဉ်ရှုကို ချက်ချင်းပင်တောင်းဆို၏။

နဉ်ရှု : →_→

တချို့အကြောင်းများကြောင့် သူမ မကောင်းသည့်ခံစားချက်တစ်ခုရနေမိသည်။ နျိုဟုဘုသခင်မငယ်က သူမကိုရှာမယ့်အစား ဘာလို့ သမားတော်ကိုသွားမရှာတာလဲ?

နျိုဟုလုသခင်မက နဉ်ရှုကိုကြည့်သည်။ သူမက နျိုဟုလုသခင်မငယ်ကို ချက်ချင်းအ‌ဖြေမပေးပါချေ။

"သူ့ကို ညီမကို ခဏလောက်ပဲငှားပေးပါနော် မမ။ ညီမ သူ့ကို ခဏနေပြန်ပို့ပါ့မယ်။"

နျိုဟုလုသခင်မငယ်က အလိုလိုက်ခံထားရသည့်လေသံဖြင့် ချစ်စရာကောင်းစွာဆို၏။

နျိုဟုလုသခင်မတွင် ခေါင်းငြိမ့်ရန်မှလွဲ၍ ရွေးစရာမရှိတော့ချေ။

နျိုဟုလုသခင်မငယ်က ချက်ချင်းပင်ပျော်ရွှင်စွာပြုံးသည်။

"ညီမ သူ့ကို ခဏနေပြန်ပို့ပေးပါ့မယ်။"

နဉ်ရှုသည် နျိုဟုလုသခင်မငယ်၏နောက်မှနေ၍ သူမ၏ခြံဝင်းဆီလိုက်ပါသွားလေသည်။ သူမ ခြံဝင်းထဲဝင်လိုက်မိသည့်အချိန်တွင်ပင် ပန်းရနံ့တို့ရလိုက်သည်။ ခြံဝင်းထဲမှာ ပန်းအမျိုးအစားတွေစုံစုံလင်လင်ရှိနေပြီး လိပ်ပြာတွေနဲ့ပျားပိတုန်းတွေက ပန်းပင်များတစ်ဝိုက်တွင် ဟိုဟိုသည်သည်ကူးလူးပျံသန်းနေကြ၏။

"ဒီပန်းတွေကို တစ်ချက်လောက်ကြည့်ပေးပါဦး။ ဒါတွေက တို့ဗိုက်ထဲက ကလေးကို ထိခိုက်စေနိုင်လား?"

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now