Chapter - 1211

2.7K 531 9
                                    

[Zawgyi]

{ဖခင်တစ်ယောက်အဖြစ်သို့}

စုန့်သခင်မသည် သူမ မီးတွင်းမှမထွက်ရသေးခင်မှာပင် ရင်ကျန်းနှင့် ကလေးတစ်ယောက်ထပ်ယူချင်နေခဲ့သည်။ သူမသည် ကလေးက သူ့ခမည်းတော်ကိုလွမ်းနေတယ်ဟုဆိုကာ ရင်ကျန်းကိုဖိတ်ခေါ်၏။

ရင်ကျန်းအတွက်တော့ သည်ကလေးသည် သူ၏ပထမဆုံးရင်သွေးဖြစ်၏။ ဒီအတွက်ကြောင့်ပင် သူသည် ဖခင်တစ်ယောက်ဖြစ်လာခဲ့ရသည်မို့ ဒါကသာ သူ့အတွက် စုန့်သခင်မ၏ခြံဝင်းဆီတစ်ခါတစ်လေသွားလည်ဖို့ဖြစ်လာစေခဲ့သည်။

စုန့်သခင်မသည် နို့ထိန်းကို ကလေးအားကြိုခေါ်လာရန် အမြဲမှာကြား၏။ ရင်ကျန်းလာလည်ချိန်၌ ကလေးက အရမ်းပိန်ကာအားနည်းနေဆဲဖြစ်သည်ကို သူတွေ့လိုက်ရသည်။ သူမလေးသည် မျက်လုံးလေးများပိတ်ကာ အိပ်နေရင်း နို့ထိန်း၏လက်မောင်းထက်တွင် မလှုပ်မယှက်ငြိမ်သက်လျက်ရှိသည်။

သူမရဲ့နှာခေါင်းလေးက မသိမသာလှုပ်ရှားနေတာကြောင့်သာမဟုတ်လျှင် သည်ကလေး သေသွားပြီလို့တောင် သူတွေးမိလောက်သည်။ ရင်ကျန်းတစ်ယောက် အလွန်ပင်စိတ်မကောင်းဖြစ်သွား၏။ သည်ကလေးက ငယ်ငယ်လေးနဲ့သေဆုံးသွားနိုင်သည်ဟု သမားတော်ကဆိုသည်။

ထို့နောက်တွင်တော့ ရင်ကျန်းသည် စုန့်သခင်မ၏ခြံဝင်းသို့ နောက်ထပ်မလာတော့ချေ။ ဒီကလေးအပေါ် ချစ်ခင်စိတ်လေးနည်းနည်းဖြစ်သွားမှာကိုပင် သူတကယ်မလိုလားပေ။ ဒါက ကလေးသေသွားတဲ့အခါ သူ့ကို ပို၍သာဝမ်းနည်းစေလိမ့်မည်။

သို့ဖြစ်ရကား စုန့်သခင်မက ဒီအကြောင်းပြချက်ကိုသုံးကာ သူ့ကိုနောက်တစ်ကြိမ်ခေါ်လာသည်၌ သူသည် သူမ၏ဖိတ်ကြားမှုကို မတုန့်ပြန်တော့ချေ။

စုန့်သခင်မသည် အလွန်ပင်ဒေါသထွက်လို့သွား၏။ သူမသည် အနှီးထုပ်ထဲတွင်သာရှိနေသေးသောကလေးကိုလက်ညှိုးထိုးကာ မိန်းကလေးဖြစ်နေလို့ အသုံးမကျဟုအော်ဟစ်လေတော့သည်။ သို့သော်လည်း အော်ဟစ်ပြီးလျှင်တော့ သူမသည် ကလေးကိုပွေ့ဖက်ကာ ငိုယိုတောင်းပန်၏။

"မယ်တော် တောင်းပန်ပါတယ်။ မယ်တော် သမီးကို စိတ်ပျက်စေခဲ့ရပြီ။"

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now