Chapter - 1217

2.6K 526 6
                                    

[Zawgyi]

{သူ သေသွားတာတော့ မဟုတ်ပါဘူးနော်?}

နဉ်ရှုသည် ပြိုင်ဘက်ကင်းသိုင်းပညာစွမ်းရည်အား ခန္ဓာကိုယ်အပြင်ဘက်ကိုထုတ်ဖို့ စိတ်ခွန်အားကို ဆက်လက်အသုံးပြုလျက်ရှိသည်။ သူမ ဒီစွမ်းအားကို တစ်ခြားသူရဲ့ကိုယ်ထဲ လွှဲပြောင်းနိုင်ပါက အကောင်းဆုံးပင်ဖြစ်သည်။

သူမရဲ့စိတ်ခွန်အားကပဲ လုံလောက်အောင်မသန်မာလို့ အကြိမ်ကြိမ်ကြိုးစားကြည့်ပြီးတာတောင် စွမ်းအင်တွေကို အပြင်ကိုမထုတ်နိုင်သေးတာလားဆိုတာ သူမ မသိတော့ပေ။

နဉ်ရှုတွင် ထပ်ကာထပ်ကာကြိုးစားကြည့်ရန်မှလွဲပြီး ရွေးချယ်စရာမရှိချေ။ သူမရဲ့အသက်လုံခြုံမှုက လက်တလောမှာ အာမခံရထားတာမို့ သူမ ဒီတာဝန်ကို တကယ်ပဲပြီးမြောက်ချင်မိသည်။

သူမသည် အစာစားချိန်နှင့်အလုပ်လုပ်ချိန်မှာသာရပ်နားက ကျန်အချိန်များတွင် မရပ်မနားလေ့ကျင့်နေခဲ့၏။ သူမရဲ့အိပ်ချိန်တွေကိုပင် ဒီအပေါ်မှာသုံးပစ်ခဲ့သည်။ လဝက်လောက်ကြာသွားခဲ့ပြီးနောက်ဆုံးတွင်တော့ သူမ စွမ်းအင်များကို သူမရဲ့လက်ချောင်းလေးတွေဆီပို့နိုင်ခဲ့ပြီဖြစ်၏။ နောက်ဆုံးတော့ အလုပ်ဖြစ်ပြီပဲ!

နဉ်ရှု လွန်စွာမှပင်ပျော်ရွှင်လို့နေ၏။ အခုဆို သူမ စွမ်းအားတွေကို အပြင်ကိုထုတ်နေနိုင်ပြီ့ဖစ်တာမို့ ဒီစွမ်းအားကို တိုက်ခိုက်ရာမှာသုံးလို့ရနေပြီပင်။ သို့သော်လည်း စွမ်းအားက လုံလောက်အောင်သန်မာမှသာ အလုပ်ဖြစ်မည်ဖြစ်၏။

ဆံချည်မျှင်တစ်မျှင်လောက်သာရှိသောစွမ်းအင်အမျှင်တန်းလေးကတော့ ဘာတိုက်ခိုက်နိုင်စွမ်းမှမရှိပေ။

ညဥ့်နက်လာချိန်၌ နဉ်ရှုသည် စားဖိုဆောင်ကိုသွားကာ ဆိတ်နို့ကျိုလိုက်ပြီး ပုခက်ထဲကကလေးကိုကြည့်ဖို့ နို့ထိန်း၏အခန်းကို ခိုးဝင်လာခဲ့သည်။ သူမက သူမရဲ့လက်ကို သခင်မငယ်လေးရဲ့ကျောမှာထားလိုက်ပြီး စွမ်းအားတွေကို သခင်မငယ်လေးရဲ့ကိုယ်ထဲ လွှဲပြောင်းပေးလိုက်၏။

စွမ်းအားတွေက သခင်မငယ်လေးရဲ့ကိုယ်ထဲစီးဝင်သွားချိန်၌ သခင်မငယ်လေးသည် ရုတ်တရက်ငိုကြွေးလေ၏။ နဉ်ရှု ကြောင်အသွားကာ ကလေးရဲ့ပါးစပ်ကို အလျင်အမြန်အုပ်လိုက်သည်။ သူမမော့ကြည့်လိုက်မိချိန်တွင် နို့ထိန်းက ဘေးဘက်ကိုလှည့်လာသည်ကိုတွေ့လိုက်ရ၏။ ကလေးထပ်မငိုတော့တာကြောင့် သူမက ထလာပြီးမစစ်ဆေးပေ။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now