Chapter - 1216

2.8K 525 4
                                    

[Zawgyi]

{အဟမ်း၊ အဟမ်း...ဂူဂဲလ်လေးနည်းနည်းပါးပါးခေါက်ပါဦး...}

နဉ်ရှု သက်ပြင်းကြိတ်ချလိုက်သည်။ အခုကစပြီး သခင်မငယ်လေးဆီသွားဖို့က ခက်ခဲလာတော့မည်။ လူတစ်ယောက်က ညတိုင်းလမ်းသလားထွက်နေရင် သရဲတစ်ကောင်နဲ့တွေ့မှာသေချာပေါက်ပဲ။ သူမလည်း ဒီလိုမျိုးသာခိုးထွက်နေမယ်ဆို လူမိတော့မှာ။

ဒါက တော်တော်လေးစိတ်ဓာတ်ကျဖို့ကောင်းတယ်။  သူမရဲ့ကလေးလည်းမဟုတ်ဘဲနဲ့ သူမမှာ တအားတွေစိုးရိမ်ပေးနေရသေးတယ်။

စုန့်သခင်မက သူ့သမီးအရင်းကို ဘာလို့ နည်းနည်းလေးတောင်ပိုဂရုမစိုက်ပေးနိုင်ရတာလဲ?

နဉ်ရှုသည် အိပ်မပျော်သဖြင့် ပြိုင်ဘက်ကင်းသိုင်းပညာကိုသာ လေ့ကျင့်နေရန်ဆုံးဖြတ်လိုက်၏။ သူမ အချိန်အတော်ကြာသည်အထိလေ့ကျင့်နေခဲ့သည်။ သူမ ဒီကမ္ဘာကိုစရောက်လာပြီးသည်မှာ တစ်နှစ်ပင်ပြည့်ကာနီးချေပြီ။ စုန့်သခင်မ ကိုယ်ဝန်ရလာခဲ့သည်၊ ကလေးမွေးသည်၊ ပြီးတော့ အခုဆို သခင်မငယ်လေးက နှစ်လပင်ပြည့်တော့မည်။

သူမသည် ပြိုင်ဘက်ကင်းသိုင်းပညာမှ စွမ်းအားအမျှင်တန်းနည်းနည်းလေးကိုသာ ပြုလုပ်ဖန်တီးနိုင်သေး၏။ သို့သော်လည်း အနည်းဆုံးတော့ သူမ စွမ်းအားတည်ဆောက်လို့ရခဲ့ပြီ။

သည်စွမ်းအားက တစ်ခြားသူရဲ့ခန္ဓာကိုယ်ထဲကို လွှဲပြောင်းလို့ရပြီး သူတို့ရဲ့ကိုယ်ကို သန်မာလာစေသည်။

ပြိုင်ဘက်ကင်းသိုင်းပညာကို လေ့ကျင့်လို့ရတဲ့စွမ်းအားက ခန္ဓာကိုယ်ထဲက ပုန်းကွယ်နေတဲ့ဒဏ်ရာတွေကို ပျောက်ကင်းစေပြီး ခန္ဓာကိုယ်ကို ပိုသန်မာလာစေနိုင်သည်။ အသိသာဆုံးလက္ခာအနေနဲ့ကတော့ ဒီစွမ်းအားက သင့်အား နွားထီးတစ်ကောင်လို သန်မာလာစေနိုင်သည်။

လုံလောက်အောင်လေ့ကျင့်နိုင်ပြီဆိုတာနဲ့ စွမ်းအားတွေက မင်းရဲ့ဒန်တျန်းထဲမှာ ရွှေရောင်နဂါးတစ်ကောင်လို လှည့်ပတ်စီးဆင်းနေပေလိမ့်မည်။

သူမသာ ဒီစွမ်းအားတွေကို သခင်မငယ်လေးရဲ့ကိုယ်ထဲလွှဲပြောင်းပေးနိုင်ရင် သခင်မငယ်လေးရဲ့ခန္ဓာကိုယ်ကို ကြံ့ခိုင်လာအောင်လုပ်ပေးနိုင်ပေမည်။ ဒီစွမ်းအားအမျှင်တန်းလေးတွေက ခန္ဓာကိုယ်ရဲ့မရှိမဖြစ်လိုအပ်တဲ့စွမ်းအားတွေပင်။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now