Chapter - 1230

2.7K 517 13
                                    

[Unicode]

{အောင်မြင်စွာမွေးဖွားခြင်း}

ထုံယွီမှာ ခဏမျှအံ့အားသင့်သွားပြီး ဘာကြိုးကိုမှမရှာနိုင်ပေ။ နျိုဟုလုသခင်မက နာကျင်စွာညည်းညူနေရင်းမှ တီးတိုးဆိုလာ၏။

"ခြင်ထောင်ကို ဖြတ်လိုက်။"

ထုံယွီက ကတ်ကြေးကို ခပ်မြန်မြန်ယူကာ ခြင်ထောင်ကိုဖြတ်လိုက်ပြီး လက်သည်ရဲ့ဘလက်ကို အဝတ်ကြိုးများနှင့်ချည်နှောင်လိုက်ကာ သူမကို အနီးရှိအခန်းတစ်ခန်းဆီ ဆွဲခေါ်သွားတော့သည်။

"စိတ်မပူပါနဲ့ သခင်မာ သခင်မ အဆင်ပြေသွားမှာပါ။"

နဉ်ရှုက နျိုဟုလုသခင်မကို‌ပြောသည်။

နျိုဟုလုသခင်မက နဖူးထက်မှာ ချွေးတို့ရွှဲနစ်နေသည့်ကြားက ခေါင်းငြိမ့်သည်။

"မွေးလမ်းကြောင်းပွင့်သွားပြီ သခင်မ။ ညှစ်တော့!"

လက်သည်က နျိုဟုလုသခင်မကိုပြောသည်။

နျိုဟုလုသခင်မက အသက်ပြင်းပြင်းရှူကာ အံကိုကြိတ်လျက် အားကုန်ညှစ်၏။

"အသက်ပြင်းပြင်းရှူပြီး ထပ်ညှစ်ဦး။"

နဉ်ရှုက နျိုဟုလုသခင်မကို ပြောသည်။

"အသက်ရှူ၊ ပြန်ထုတ်။"

နျိုဟုလုသခင်မမှာ နာကျင်မှုကြောင့် မေ့မြောသွားလုနီးပါးပင်။ သူမ ဘာကိုမှမစဉ်းစားနိုင်တော့ဘဲ နဉ်ရှုပြောသလိုသာလုပ်နေနိုင်တော့၏။

နှစ်နာရီနီးပါးကြာမြင့်သွားပြီဖြစ်သော်လည်း နျိုဟုလုသခင်မမှာ ကလေးကိုမမွေးနိုင်သေးချေ။ ဒါက ထူးဆန်းနေတယ်ဆိုတာ နဉ်ရှုသိသွားသည်။ နျိုဟုလုသခင်မရဲ့သန္ဓေသားက နေရာမှန်မှာရှိနေတာမို့ မွေးချိန်အကြာကြီးမဖြစ်သင့်ပေ။

"ထွက်သွားစမ်း!"

လက်သည်တွေထဲက တစ်ယောက်က ကလေးကို သားအိမ်ထဲပြန်သွင်းနေတာကို နဉ်ရှုတွေ့လိုက်သည်။ ကလေးရဲ့ခေါင်းထွက်လာသည်နှင့် သူမက ခေါင်းကို အထဲပြနါပြန်သွင်းနေသည်မို့ နျိုဟုလုသခင်မမှာ နာကျင်လွန်း၍သေ‌‌မလိုပင်ဖြစ်‌နေ၏။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now