Chapter - 1242

2.8K 351 11
                                    

[Unicode]

{ပြန်တမ်းပင်လယ်ကျောက်တုံး}

နဉ်ရှုက ဆုတွေကိုကြည့်ကာဆိုသည်။

"ဒါပဲလား?"

"အူး-ဟူး။ ဆုတွေက အရမ်းရက်ရောတယ်မဟုတ်ဘူးလား?"

2333က‌ပြောသည်။

"အကာအကွယ်အဆောင်ကငါးခုတောင်၊ မင်းမှာ အသက်ငါးချောင်းအပိုရှိမယ်ဆိုတဲ့သဘောပဲ။ အသက်ငါးချောင်းနော်!"

"ဒီလိုဆိုတော့လည်း ဒါက တော်တော်လေးကောင်းသားပဲ။"

ထို့နောက် နဉ်ရှုကမေးသည်။

"ဒီတော့ အဆင့်မြင့်တာဝန်ထမ်းဆောင်သူတွေက သူတို့အသက်ကိုရင်းပြီး ဘာကိုများအသည်းအသန်လိုချင်နေတာလဲ?"

"ပြန်တမ်းပင်လယ်‌ကျောက်တုံးလေ။ အဆင့်မြင့်တဲ့လူတွေက အဲ့ဒါကိုလိုချင်တာ။ အဲ့ဒါကိုသုံးပြီး ရှားပါးပစ္စည်းတွေ အများကြီးလဲလို့ရတယ်။"

2333က ရှင်းပြသည်။

"ပြန်တမ်းပင်လယ်‌ကျောက်တုံးတစ်တုံးနဲ့ နင်ဘာလုပ်လို့ရလဲ?"

နဉ်ရှုက မေးသည်။

"ဘာမှလုပ်လို့မရဘူး။ မင်းလိုအဆင့်ကလူ‌တွေအတွက်တော့ ဒါက လုံးဝအသုံးမဝင်ဘူး။ အဲ့ဒါက စွမ်းအားကောင်းမွန်တဲ့လူတွေကို သူတို့ရဲ့ကန့်သတ်မှုတွေကို ချိုးဖျက်ပြီး ပိုမြင့်တဲ့အဆင့်ကို‌ရောက်သွားအောင်တောင် လုပ်ပေးနိုင်တယ်။ ဒါပေမယ့် အဲ့အဆင့်က မင်းနဲ့အလှမ်းဝေးလွန်းနေတယ်။ အကွာအဝေးကိုတွက်ချက်ဖို့ အလင်းနှစ်တွေအများကြီးကြာနိုင်တယ်။"

နဉ်ရှု : →_→

သူမကို မလှောင်ရရင် သူသေသွားမှာမို့လား?

"ပြန်တမ်းပင်လယ်...ပြန်တမ်းပင်လယ်ကျောက်တုံး?"

နဉ်ရှုရဲ့မျက်ခုံး‌တွေ တွန့်ချိုးသွားသည်။

"ဒီပြန်တမ်းပင်လယ်‌ကျောက်တုံးက ငါတို့ အဲ့တုန်းကသွားခဲ့တဲ့ ပြန်တမ်းပင်လယ်က ကျောက်တုံးတော့ မဟုတ်လောက်ပါဘူးနော်?"

"အဲ့ဒါက ပြန်တမ်းပင်လယ်က ပစ္စည်းပဲ။ အလယ်အလတ်အဆင့်တာဝန်ထမ်းဆောင်သူဖြစ်လာတဲ့လူတိုင်း စမ်းသပ်တာဝန်ကိုအောင်မြင်ပြီးသွားရင် ပြန်တမ်းပင်လယ်‌ကျောက်တုံးတစ်တုံးရတယ်။ ဘာကြောင့်လဲဆိုတာတော့ ငါလည်းမသိဘူး။"

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now