Chapter - 1231

2.7K 513 4
                                    

[Unicode]

{ကျေးဇူးပြုပြီး တို့ကလေးကို စောင့်ရှောက်ပေးပါ}

လူတော်တော်များများက သူမရဲ့ကလေးကို မျက်စောင်းထိုးနေကြသည်ဟု နျိုဟုလုသခင်မ ခံစားနေရသည်။ သူမ တစ်ခြားသူတွေကို လုံးဝမယုံကြည်နိုင်တာမို့ နဉ်ရှုကို သူမရဲ့ကလေးကိုစောင့်ရှောက်ပေးစေချင်နေသည်။

သူမ မွေးဖွားချိန်မှာ သည်မိန်းကလေးက သူမနဲ့သူမကလေးကို ကယ်တင်ခဲ့သူဖြစ်သည်မို့ ယခုအချိန်တွင်  နျိုဟုလုသခင်မသည် နဉ်ရှုကို အနည်းငယ်ယုံကြည်နေပြီဖြစ်၏။ ထို့အပြင် သည်မိန်းကလေးက ဆေးပညာလည်းတတ်သည်မို့ သူမရဲ့ကလေး မူမမှန်တာနည်းနည်းလေးဖြစ်လိုက်တာနဲ့ သူမက ပထဆုံးသတိထားမိမည့်သူဖြစ်သည်။

နျိုဟုလုသခင်မက နဉ်ရှုရဲ့လက်ကိုယူကာဆိုသည်။

"မြောင်လင်း၊ တို့ကလေးကိုစောင့်ရှောက်ပေးဖို့ မင်း တို့ကိုကူညီမယ်လို့ မျှော်လင့်တယ်။ တို့ရဲ့အခုလက်ရှိအခြေအနေမှာ တို့ ဘယ်သူ့ကိုမှ မယုံကြည်နိုင်ဘူး။"

နဉ်ရှု တကယ်ပင် နျိုဟုလုသခင်မရဲ့လက်ကို ခါထုတ်ပစ်ချင်မိသော်လည်း သည်းခံကာ လေးစားစွာဆို၏။

"ဒီအစေခံက ကလေးတွေကို ဂရုစိုက်တာမှာ အတွေ့အကြုံလုံးဝမရှိပါဘူး။ သခင်မရဲ့မျှော်လင့်ချက်တွေကို ပျက်စီးသွားစေမှာစိုးပါတယ်။"

"တို့ကလေးကို မင်းဂရုစိုက်ပေးဖို့မလိုပါဘူး။ တို့ကလေးရဲ့ဘေးမှာ နေပေးဖို့ပဲ မျှော်ဘင့်တာပါ။ ပြီးတော့ အဲ့အချိန်မှာ..."

နျိုဟုလုသခင်မက အသံတိုးတိုးဖြင့်ဆိုသည်။

"ကလေးထိန်းကို စောင့်ကြည့်ဖို့ တို့ကိုကူညီပါ။ တို့ သူ့ကိုယုံကြည်လို့ရမလားဆိုတာ မသေချာလို့။"

ထပ်ကာထပ်ကာဖြစ်နေသည့်အဖြစ်အပျက်အများက နျိုဟုလုသခင်ကို တုန်လှုပ်လွယ်သည့်ငှက်ကလေးသဖွယ်ဖြစ်သွားစေ၏။ ဒါက သူမကို အကြိမ်ပေါင်းများစွာကူညီခဲ့သည့် အနှီအစေခံကို ပိုမိုယုံကြည်လာစေသည်။

နဉ်ရှု : ဟင့်အင်း၊ ငါမလုပ်ချင်ဘူး...။

"တို့‌ရဲ့မွေးဖွားပြီးနာကျင်နေချိန်ပြီးငွားရင် တို့ကလေးကို တို့ကိုယ်တိုင်ပဲဂရုစိုက်မှာပါ။"

Fourth Prince's Harem(Realm-19)[Myanmar Translation]Kde žijí příběhy. Začni objevovat