[Zawgyi]
{မင်း ဘာလို့ သူ့ကိုအန်ကယ်လို့ခေါ်တာလဲ?}
နဉ်ရှု သူမရဲ့ပျော့ခွေနေသောခြေထောက်တွေကိုထုရင်း 2333ကို မေးလိုက်သည်။
"ဘာဖြစ်သွားပြီလဲ?"
"မင်းမြင်ခဲ့သလိုပဲလေ။ တစ်ခြားသုံးယောက်ကလည်း တာဝန်ထမ်းဆောင်သူတွေပဲ။ ဒါပေမယ့် သူတို့အသတ်ခံလိုက်ရပြီ။"
2333က ပြောသည်။
တစ်ခန်းတည်းမှာ တာဝန်ထမ်းဆောင်သူလေးယောက်တောင်ရှိနေတာကြီးက ဘယ်လိုဖြစ်နိုင်ချေ ကြီးလဲ?
ဒါ့အပြင် သူတို့အကုန်လုံးက တာဝန်ထမ်းဆောင်သူတွေဆိုတာ သူမလုံးဝသတိမထားမိ။ သူမက သူတို့နဲ့အဆက်အဆံသိပ်မရှိလို့ သတိမထားမိတာဖြစ်နိုင်သည်။
"သူတို့အကုန်လုံး ဘာလို့အသတ်ခံလိုက်ရတာလဲ? အန်ကယ်က သူတို့ကို ဘာလို့သတ်တာလဲ?"
နဉ်ရှု အတော်လေးရှုပ်ထွေးနေသည်။
2333က မေးသည်။
"မင်း ဘာလို့ သူ့ကိုအန်ကယ်လို့ခေါ်တာလဲ?"
"ဒါက ပြသနာမဟုတ်ဘူးဟဲ့။ ပြသနာက အခုဘာတွေဖြစ်နေတာလဲဆိုတာပဲ။ ငါလည်း အသတ်ခံရမှာလား?"
နဉ်ရှု နဖူးကနေစီးကျနေတဲ့ချွေးအေးတွေကို သုတ်လိုက်သည်။
"အဲ့တာဝန်ထမ်းဆောင်သူတွေက အဆင့်မြင့်တာဝန်ထမ်းဆောင်သူတွေဖြစ်မယ်။ ဒီကမ္ဘာက အလတ်တန်းအဆင့်တာဝန်ထမ်းဆောင်သူတွေကို စစ်ဆေးတဲ့တာဝန်ကမ္ဘာပဲ။ သူတို့က အလတ်တန်းအဆင့်တွေကိုစစ်မေးတဲ့တာဝန်ကမ္ဘာကို မလာသင့်ဘူး။"
2333က ပြောသည်။
"တစ်ခြားအကြောင်းကို ငါမတွေးတတ်တော့ဘူး။"
နဉ်ရှု စုတ်သပ်လိုက်သည်။
"အဆင့်မြင့်တာဝန်ထမ်းဆောင်သူတွေကို ဒီလိုကြီးသတ်လိုက်လို့ရတယ်ပေါ့?"
အဆင့်မြင့်တာဝန်ထမ်းဆောင်သူဖြစ်လာဖို့က လွယ်တာမှမဟုတ်ဘဲ။ သူမက အလတ်တန်းအဆင့်တာဝန်ထမ်းဆောင်သူအဆင့်ပဲရှိသေးတာတောင် အများကြီးခံစားရပြီးပြီ။
အဲ့ဒီ့တာဝန်ထမ်းဆောင်သူတွေကို မလိုဘူးဆိုပေမယ့်လည်း အကုန်လုံးကို မြန်မြန်ကြီးသုတ်သင်ပစ်စရာမလိုဘူးလေ။
![](https://img.wattpad.com/cover/237681475-288-k989205.jpg)
VOUS LISEZ
Fourth Prince's Harem(Realm-19)[Myanmar Translation]
ActionName(s) : Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) : Hen Shi Jiao Qing(很是矫情) E-translator(s) : Butterfly's Curse Realm Title : Fourth Prince's Harem(Real-19...