Chapter - 1240

2.5K 393 16
                                    

[Unicode]

{ငါ ဘယ်အချိန်မှထွက်သွားလို့ရမှာလဲ? × 999}

"ငါ ဒီကမ္ဘာကနေ ဘယ်အချိန်ထွက်သွားလို့ရမှာလဲ?"

သူမတာဝန်က ပြီးဆုံးနေပြီလို့ နဉ်ရှုခံစားနေရသည်။ သခင်မလေးက သူမကံကြမ္မာကနေ လွန်မြောက်လာခဲ့ပြီဖြစ်၏။ အနည်းဆုံးတော့ သူမလေးက နှစ်နှစ်အထိ အသက်ရှင်နေနိုင်ခဲ့ပြီ။

"တာဝန်ချိန်ပြည့်သွားရင် မင်းကိုအကြောင်းကြားမှာပါ။"

2333က ထပ်ကာဆိုသည်။

နဉ်ရှု : ...

ဒါဘယ်လိုတာဝန်မျိုးလဲ?

ဒီတာဝန်ရဲ့ပြီးဆုံးမှုကို ဘယ်လိုဆုံးဖြတ်တယ်ဆိုတာလည်း သူမ မသိပေ။

နဉ်ရှု သူမဒီနေရာက ဘယ်အချိန်ထွက်သွားနိုင်မှာလဲဆိုတာကို ပူပန်မနေတော့ဘဲ နျိုဟုလုသခင်မကို မေးလိုက်သည်။

"ဘယ်သူက သခင်လေးကို ထိခိုက်အောင်လုပ်ဖို့ကြိုးစားနေတာလဲဆိုတာ သိရပြီလား သခင်မ?"

သည်ကိစ္စအကြောင်းပြောလိုက်ချိန်၌ နျိုဟုလုသခင်မ၏မျက်နှာထက်တွင် ညှိုးငယ်နေသည့်အရိပ်အယောင်ပေါ်လာသည်။ သူမက ခေါင်းယမ်း၏။

"တို့ မရှာနိုင်ခဲ့ဘူး။ အဝတ်အစားကို ဘယ်အချုပ်သမလုပ်တယ်ဆိုတာ တို့သိတဲ့အချိန်မှာ သူက အိမ်တော်ကနေထွက်သွားပြီ။ ကောလဟာလ‌တွေအရတော့ သူက ဆိုးရွားတဲ့ရောဂါတစ်ခုဖြစ်လို့ အိမ်ပြန်သွားတာတဲ့။"

"သခင်မ သံသယဝင်နေတာများရှိလား?"

နဉ်ရှုက မေးသည်။ ဒီကိစ္စတွေက ဟုန်လီ့ကိုပစ်မှတ်ထားနေသည်မှာ သိသာ၏။

ရင်ကျန်းက အလားအလာရှိသူမို့ ပစ်မှတ်ထားခံနေရချိန်မှာ ဟုန်လီက အနှောင့်အယှက်တစ်ခုမို့ ပစ်မှတ်အထားခံနေရသည်။

လူတစ်ချို့အတွက် ဟုန်လီက လမ်းပေါ်ရောက်နေသည်။

"သံသယလား?"

နျိုဟုလုသခင်မက နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ခေါင်းယမ်းသည်။

"တို့ မသိဘူး။"

နျိုဟုလုသခင်မ၏ပုံစံအရ သူမသံသယဖြစ်နေသူရှိနေမှန်း နဉ်ရှုခံစားမိသည်။ သူမက မသေမချာဖြစ်နေခဲ့ရုံသာ။ နဉ်ရှုက ခေါင်းစဉ်ပြောင်းလိုက်သည်။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now