Chapter - 1201

2.8K 515 7
                                    

[Zawgyi]

{365ခုသောအလုပ်တွေ?}

တစ်လခွဲနီးပါးကိုယ်ဝန်ဆောင်ခဲ့ရပြီးနောက်တွင် စုန့်သခင်မသည် မနက်ဆိုလျှင်ဖျားနာတတ်လာ၏။ သူမရဲ့ခန္ဓာကိုယ်က အစတည်းကအတော်လေးအားနည်းသည်ဖြစ်ရာ သူမအန်လိုက်ချိန်၌ သူမရဲ့ကျန်းမာရေးက ပို၍ပင်ဆိုးရွားလာတော့သည်။

သူမသည် ပျို့အန်နေရင်းပင် အော်ဟစ်၏။ နဉ်ရှုသည် ထွေးခံကိုကိုင်ထားပေးရင်း စုန့်သခင်မအန်သည်ကို ကြည့်နေရသည်။ အခန်းက ချဉ်စုပ်စုပ်အနံ့တို့ဖြင့်ပြည့်လျှမ်းနေ၏။

စုန့်သခင်မ အန်၍ပြီးချိန်၌ ဟုန်မေ့သည် သူမအတွက်ရေကို ချက်ချင်းယူလာပေး၏။ စုန့်သခင်မသည် အာလုတ်ကျင်းပြီးနောက် ကုတင်ပေါ်၌ မျက်နှာဖြူ ဖျော့ကာဖြင့် အားနည်းစွာလဲလျောင်းသည်။

"ဒါတွေအကုန် ဒီကနေမြန်မြန်ထုတ်သွားစမ်း။"

ဟုန်မေ့က နဉ်ရှုကိုပြော၏။

"နားလည်ပါပြီ။"

နဉ်ရှုသည် အန်ဖတ်ခံထားသောထွေးခံကိုသယ်ကာ အခန်းထဲမှထွက်သွားသည်။

ဒီအခြေအနေမှာ သူမအနေနဲ့ အလုပ်ပေါင်3း65ခုလောက်လုပ်နေရသည်လို့ နဉ်ရှုခံစားလိုက်ရသည်။ အလေးအနက်ဆိုရပါက ကိုယ့်ကြံမ္မာကိုယ်ထိန်းချုပ်ပိုင်ခွင့်မရှိသည့် အဆင့်နိမ့်အစေခံတစ်ဦးဖြစ်လာရခြင်းမှာ တာဝန်ကို ပြီးမြောက်အောက်လုပ်ဆောင်နိုင်ရန် အမှန်တကယ်ကိုပင်ခက်ခဲလွန်းပေသည်။

ဒီတာဝန်က တာဝန်ထမ်းဆောင်သူတစ်ယောက်ရဲ့စိတ်သဘောထားကို စမ်းသပ်တာဖြစ်နိုင်သည်ဟု နဉ်ရှုမှန်းဆလိုက်သည်။ မင်း ဘယ်နေရာမှာပဲရောက်နေနေ၊ တည်ငြိမ်နေရမယ်။

သူမသည် ဧကရီတစ်ဦး၊ သူတောင်းစားတစ်ယောက်၊ ပြီးတော့ ယောက်ျားတစ်ယောက်အဖြစ်ဆိုရင်တောင် နေနိုင်ရပေမည်။

သူမ ထွေးခံကိုသန့်ရှင်းပြီးနောက် အခန်းထဲပြန်မဝင်ရသေးခင်မှာပင် ဟုန်မေ့သည် အပြင်ကိုထွက်လာကာဆို၏။

"သခင်မက ဘာမှစားချင်စိတ်မရှိဘူးဖြစ်နေလို့ မင်းသားကို နေ့လည်စာလာစားဖို့ သွားခေါ်ချေ။"

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now