Chapter - 1218

2.5K 527 2
                                    

[Zawgyi]

{ကလေးတစ်ယောက်ရဲ့ငိုသံ}

နဉ်ရှု သူမရဲ့လက်ကို နျိုဟုလုသခင်မရဲ့လက်ကောက်ဝတ်ပေါ်တင်ကာ သွေးကြောစမ်းကြည့်လိုက်သည်။ နောက်ဆုံး၌မူ သူမသည် နျိုဟုလုသခင်မနှင့်အကြည့်ချင်းဆုံကာ ပြောလိုက်၏။

"သခင်မရဲ့ကျန်းမာရေးက ကောင်းပါတယ်ရှင်။"

နျိုဟုလုသခင်မက မျက်မှောင်ကုတ်ကာ သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်ပြန်ရုတ်၏။

အခုဆိုလျှင် ပထမအဆင့်ကြင်ရာတော်ဖြစ်သည့် ဝူလနာလသခင်မက ကိုယ်ဝန်ငါးလရှိနေပြီဖြစ်ပြီး လီသခင်မသည်လည်း ကိုယ်ဝန်ရှိနေပြီဖြစ်၏။ ရင်ကျန်းက သူမဆီ မကြာမကြာလာလေ့ရှိပေမယ့် သူမ ဘာလို့ကလေးမရနိုင်ရသေးတာလဲ?

"စိတ်ပူနေစရာမလိုပါဘူး သခင်မ။ အချိန်ကျလာရင် သူ့ဘာသာဖြစ်လာပါလိမ့်မယ်။"

အခုက ချန်လုံဧကရာဇ်လောင်း မွေးဖွားလာရမည့်အချိန်မဟုတ်သေးသည်မို့ ဆန္ဒစောနေဖို့မလိုချေ။

"မင်း သွားလို့ရပြီ။"

နျိုဟုလုသခင်မက နှုတ်ခမ်းကိုတင်းတင်းစေ့ကာဆိုသည်။

နဉ်ရှု အရိုအသေပေးပြီးနောက် အခန်းထဲမှလှည့်ထွက်လာခဲ့သည်။ သူမက အပြင်ဘက်အခန်းလေးထဲရှိ ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်ကာ ပြိုင်ဘက်ကင်းသိုင်းပညာကို လေ့ကျင့်နေခဲ့သည်။

"ဝါး၊ ဝါး..."

အိမ်တော်တစ်ခုလုံးတိတ်ဆိတ်နေပြီဖြစ်သည့် ညဥ့်နက်ချိန်တွင် ကျယ်လောင်လှသောငိုကြွေးသံက ရုတ်တရက်ပျံ့လွင့်လာခဲ့၏။ ငိုသံက အဆက်မပြတ်ထွက်ပေါ်နေပြီး ပို၍ပို၍ကျယ်လောင်လာသည်။

အခန်းများအားလုံးသည် မီးရောင်များဖြင့် တဖန်လင်းလက်လာခဲ့၏။

"ဒါ ဘာသံလဲ မြောင်လင်း? ကလေးငိုနေတာလား?"

နျိုဟုလုသခင်မ၏ အနည်းငယ်အိပ်ချင်မူးတူးဖြစ်နေသောအသံက အတွင်းခန်းထဲမှထွက်ပေါ်လာသည်။

နဉ်ရှုက အခန်းတံခါးကိုတွန်းဖွင့်ကာ ဝင်လာပြီးဆို၏။

"သခင်မငယ်လေး ငိုနေတာဖြစ်ပါလိမ့်မယ်ရှင့်။"

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now