Chapter - 1224

2.6K 526 12
                                    

[Unicode]

{နင့်မှာ‌ရွေးစရာမရှိဘူး}

နျိုဟုလုသခင်မငယ်က အနည်းငယ်ခါးကိုင်းကာ ပန်းတစ်ပွင့်ခူးပြီးနောက် နှာခေါင်းနားသို့ရွှေ့ပြီး မွှေးကြူ၏။ ပြီးမှ သူမကပြောလာသည်။

"တို့ လိုရင်းပဲပြောမယ်။ မင်းသခင်မရဲ့ဗိုက်ထဲက ကလေးကို သဲလွန်စ နည်းနည်းမှမကျန်‌စေရဘဲ ပျောက်ကွယ်သွားစေချင်တယ်။"

"ဒီအစေခံ မလုပ်နိုင်ပါဘူးသခင်မ။"

နဉ်ရှုက ကြောက်လန့်နေသောအမူအရာဖြင့်ဆိုသည်။

နျိုဟုလုသခင်မငယ်က ပန်းပွင့်ကို ညင်သာစွာထိတွေ့ပွတ်သပ်လိုက်သည်။

"အင်း၊ မင်းလုပ်နိုင်ပါတယ်။ မင်းက သမားတော်တစ်ယောက်ပဲလေ၊ ဒီတော့ မင်းမှာ သေချာပေါက်နည်းလမ်းရှိမှာပါ။ တို့ဆီမှာ ဆေးနည်းနည်းရှိတယ်။ မင်းက အဲ့ဆေးကို မင်းကိုယ်ပေါ်မှာလိမ်းပြီး သူရှူမိအောင်လုပ်ဖို့ပဲလိုတာ။ ပြီးရင် ကလေးသေသွားလိမ့်မယ်။ မင်းနဲ့မပတ်သတ်‌စေရဘူးလို့ တို့အာမခံတယ်။"

နဉ်ရှု ခဏလောက်ကြောင်အနေပြီးမှ နားလည်သွားသည်။ အဲ့ဆေးက ကိုယ်ဝန်ကိုတိုက်ရိုက်ကြီးပျက်ကျစေမည်မဟုတ်ပေ။ ထိုအစား ကလေးက အမေ့ရဲ့ဗိုက်ထဲမှာရှိနေတုန်းမှာပဲ ကလေးကိုဖြည်းဖြည်းချင်း‌သေသွားစေမည်ဖြစ်၏။ ဤသို့ဖြင့် ကလေးက အသေလေးမွေးလာပေလိမ့်မည်။

နျိုဟုလုသခင်မငယ်က ဒါကို ဘယ်လိုလုပ်လုပ်နိုင်ရတာလဲ? သူနဲ့ နျိုဟုလုသခင်မငယ်က သွေးသားတောင်တော်စပ်ကြသေးတာကို!

"ဒီအစေခံ မလုပ်ရဲပါဘူး။"

နဉ်ရှုက ခေါင်းကို ကြောက်ရွံ့စွာငုံ့ရင်းဆိုသည်။

နျိုဟုလုသခင်မငယ်က ပန်းပွင့်ချပ်တစ်ခုကို ဆွဲနှုတ်ရင်းဆိုသည်။

"မင်းလုပ်နိုင်တယ်ဆိုတာ တို့သေချာသိတယ်။ အဲ့အချိန်ကျရင် တို့က မင်းကို အခွင့်အရေးတစ်ခုပေးမှာပါ။"

နဉ်ရှုက ဒါကို အလကားသက်သက်ပြောသည့်စကားလို့သာမှတ်ယူလိုက်၏။ လူတိုင်းက သစ္စာရှိတာကိုသဘောကျတယ်လေ။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now