Chapter - 1213

2.7K 542 3
                                    

[Zawgyi]

{စိမ့်စမ်းနှလုံးသားဥယျာဉ်မှသခင်မ}

အခြားသောအမျိုးသမီးများအားလုံးက တစ်ယောက်ပြီးတစ်ယောက်ကိုယ်ဝန်ရှိလာပြီမို့ နျိုဟုလုသခင်မ အနည်းငယ်စိတ်မရှည်ဖြစ်လာခြင်းဖြစ်ပေလိမ့်မည်။ သို့ပေမယ့် နျိုဟုလုသခင်မတွက် အမှန်ပင်စိုးရိမ်စရာမရှိဟု နဉ်ရှုခံစားနေရသည်။ ဒါက ကံတရားပဲမို့ အလျင်လိုနေစရာမလိုဘူးလေ။

နဉ်ရှုက ပြောသည်။

"သခင်မရဲ့ကျန်းမာရေးက တကယ်ကို အရမ်းကောင်းပါတယ်၊ ဘာဆေးမှသောက်စရာနလိုပါဘူး။ ဆေးတွေအကုန်လုံးက အဆိပ်အမျိုးအစားသုံးခုပါပဲ၊ ဒါက သခင်မရဲ့ကျန်းမာရေးကိုပဲ ထိခိုက်စေလိမ့်မယ်။"

ထုံယွီက ခေါင်းငြိမ့်သည်။

"စောစောက နင် တစ်ခုခုလုပ်နေတဲ့ပုံပဲ၊ ဘာလုပ်နေတာလဲ?"

"ကျွန်မ ခြင်ဆေးအိတ်တစ်ချို့လုပ်နေတာပါ။ မမ တစ်ခုလောက်လိုချင်လား? ကျွန်မ ပေးပါ့မယ်။"

နဉ်ရှု အိတ်လေးတစ်လုံးကိုယူလိုက်သည်။

"နွေရာသီမှာ ခြင်အရမ်းပေါတယ်။ ဒါကိုဆောင်ထားရင် ခြင်ကိုက်တာကနေ ကာကွယ်ပေးနိုင်တယ်။"

"ကောင်းပြီလေ။"

ထုံယွီသည် အိတ်ကိုလက်ခံကာထွက်ခွာသွား၏။

နဉ်ရှုသည် အနည်းငယ်ရှုပ်ထွေးနေ၏။ ဒီအိမ်တော်မှာ ခေါ်လိုက်တာနဲ့ချက်ချင်းရောက်လာမယ့်သမားတော်ရှိတာကို နျိုဟုလုသခင်မက ဘာလို့ သူမဆီကနေ အကြံတောင်းနေရတာလဲ?

သူမကို စမ်းသပ်နေတာများလား?

ထုံယွီသည် အခန်းထဲဝင်သွားကာ နျိုဟုလုသခင်မကို အရိုအသေပေးသည်။

နျိုဟုလုသခင်မသည်ကား သူမလက်ပေါ်တွင် ပုလဲခရင်မ်ကို ဖြည်းညင်းစွာသုတ်လိမ်းလျက်ရှိ၏။ ဤအရာက သူမရဲ့လက်ကို ကျောက်စိမ်းကဲ့သို့ နူးညံ့စိုလက်လာစေသည်။ ထုံယွီပြန်လာသည်ကိုမြင်ချိန်၌ သူမကမေးသည်။

"အဲ့ကောင်မလေး ဘာပြောလဲ?"

"မြောင်လင်းက သူ့မှာ ဘာဆေးမှမရှိဘူးလို့ ပြောပါတယ် သခင်မ။ အဲ့ဒီ့ဆေးတွေက အဆိပ်အမျိုးအစားသုံးမျိုးပဲဖြစ်လို့ သခင်မက ကိုယ်ဝန်ရဆေးတွေကို မသောက်သင့်ဘူးလို့လည်းပြောပါသေးတယ်။"

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now