Chapter - 1221

2.6K 494 8
                                    

[Zawgyi]

{တစ်ချိန်တည်းကိုယ်ဝန်ရှိခြင်း}

နျိုဟုလုသခင်မ ကိုယ်ဝန်ရှိနေပြီဆိုသည့်သတင်းကို ထုတ်မပြောရသေးခင်မှာပင် သူတို့သည် နျိုဟုလုသခင်မငယ် ကိုယ်ဝန်ရှိနေပြီကို သိသွားခဲ့ကြ၏။ စိတ်ဝင်စားဖို့ကောင်းသည်က သူမသည်လည်း ကိုယ်ဝန်တစ်လရှိနေခြင်းပင်။

ဘယ်လိုတောင်ရှားပါးလွန်းတဲ့ တိုက်ဆိုင်မှုလဲ။ ညီအစ်မတွေဆိုတဲ့အတိုင်း သူတို့က ပြိုင်တူတောင်ကိုယ်ဝန်ရှိလိုက်ကြသေး။

နျိုဟုလုသခင်မက ဝူလနာလသခင်မကို သူမ ကိုယ်ဝန်ရှိနေပြီဆိုတာပြောသည့်အချိန်၌ အေးစက်မှုတစ်ချို့က ဝူလနာလသခင်မ၏မျက်နှာထက်တွင်ဖြတ်ပြေးသွားသည်။ သို့သော်လည်း ထို့နောက်တွင်မူ သူမက နျိုဟုလုသခင်မနှင့်နျိုဟုလုသခင်မငယ်အား သူတို့၏ကျန်းမာရေးကိုဂရုစိုက်ရန် ချက်ချင်းပင်ပြောကြားလေ၏။

ဝူလနာလသခင်မက နျိုဟုလုသခင်မကို သျပ်သဘောမကျဘူးဆိုတာ နဉ်ရှုခံစားမိလိုက်သည်။ သူမရဲ့မျက်နှာက ရင်ကျန်းအချစ်ဆုံးဖြစ်သည့် နျန်သခင်မနဲ့တွေ့ချိန်မှာတောင် သည်မျှလောက်အေးစက်မနေပေ။

နျိုဟုလုသခင်မက ကိစ္စများကို ကောင်းကောင်းမွန်မွန်ကိုင်တွယ်ဖြေရှင်းတတ်သည်။ သူမက သူမရဲ့အဆင့်အတန်းကို ကောင်းကောင်းနားလည်ပြီး ဝူလနာလသခင်မကိုလည်း အလွန်လေးစားပေသိ ဝူလနာလသခင်မကတော့ သူမကို အလွန်အင်မတန်အေးစက်စွာဆက်ဆံ၏။

နျိုဟုလုသခင်မ နှင့် နျိုဟုသခင်မငယ်တို့သည် ခြံဝင်းမှ အတူတကွထွက်ခွာလာခဲ့ကြ၏။ နျိုဟုလုသခင်မငယ်က ပြုံးကာဆိုသည်။

"မမ၊ ညီမတို့တွေ တစ်ချိန်တည်းကိုယ်ဝန်ရှိမယ်လို့ ညီမ တစ်ခါမှမတွေးမိဖူးဘူး။ ဒီအစအနောက်သန်တဲ့ကလေးနှစ်ယောက်မှာ ဘယ်သူအရင်မွေးလာမလာ ညီမသိချင်လိုက်တာ။"

"အချိန်တန်ရင် သူတို့လေးတွေမွေးလာမှာပေါ့ ညီမရယ်။"

နျိုဟုလုသခင်မက အပြုံးဖျော့ဖျော့ဖြင့်ဆိုသည်။

နျိုဟုလုသခင်မက နျိုဟုလုသခင်မငယ်နှင်ာ သိပ်စကားမပြောပေ။ ထုံးစံအတိုင်းနည်းနည်းပါးပါးနှုတ်ဆက်စကားပြောပြီးသည်နှင့် သူမသည် လှည့်ထွက်သွား၏။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now