Chapter - 1236

2.3K 410 3
                                    

[Unicode]

{တစ်လပြည့်မွေးနေ့ပွဲ}

"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ မင်းသား!"

ကလေးထိန်းရဲ့ စူးစူးဝါးဝါးအော်သံက တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

ရင်ကျန်း ကလေးထိန်းကို ဘယ်လိုဖြေရှင်းမလဲဆိုတာ နဉ်ရှုသိချင်နေခဲ့သည်။ အရင်ကလိုပဲလား? တုတ်နဲ့ သေတဲ့အထိအရိုက်ခံရပြီး အိမ်တော်အပြင်ကို လွှင့်ပစ်လိုက်တာလား?

ရင်ကျန်းက ကလေးကိုပွေ့ချီကာ ငိုကြွေးနေသည့် နျိုဟုလုသခင်မကိုလှည့်ကြည့်သည်။ သူက သက်ပြင်းချကာဆို၏။

"မငိုတော့နဲ့။ မင်းက ကလေးမွေးပြီးစအချိန်မှာပဲရှိသေးတာ။ ငိုတာက မင်းမျက်လုံးတွေအတွက်မ‌ကောင်းဘူး။"

နျိုဟုလုသခင်မက မျက်ရည်သုတ်ကာ ရင်ကျန်းကိုပြောသည်။

"နောက်ကလေးထိန်းတစ်ယောက်ရှာပေးနိုင်မလား မင်းသား? ဘာလုပ်ရမယ်ဆိုတာတောင် ဒီကိုယ်လုပ်တော်မသိတော့ပါဘူး။"

ရင်ကျန်းက ခေါင်းငြိမ့်သည်။

"ဒီကိစ္စကို ကိုယ်တော့်တာဝန်ထားလိုက်ပါ။ ကိုယ်တော် ကောင်းကောင်းဖြေရှင်းလိုက်မယ်။"

နျိုဟုလုသခင်မက ဖျော့တော့စွာပြုံးကာ ခေါင်းငြိမ့်သည်။ ရင်ကျန်းက အခန်းထဲကအစေခံတွေကို သူမကို ကောင်းကောင်းဂရုစိုက်ဖို့‌မှာကြားကာ ထွက်ခွာသွား၏။

ရင်ကျန်းထွက်သွားသည်ကိုကြည့်ရင်း နျိုဟုလုသခင်မမှာ အနည်းငယ်စိတ်ပျက်သွားပုံပေါ်သည်။ တစ်ယောက်ယောက်က သူမရဲ့ကလေးကို ထိခိုက်စေချင်နေတာ သိသာနေသော်လည်း ရင်ကျန်းက အရေးစိုက်ပုံမရဘဲ သည်ကိစ္စကို ကိုင်တွယ်ဖို့အစီအစဉ်လည်းရှိပုံမရချေ။

"အဆင်ပြေပါရဲ့လား သခင်မ?"

နျိုဟုလုသခင်မရဲ့အမူအရာက အနည်းငယ်မှုန်မှိုင်းနေသည်ကို နဉ်ရှုတွေ့လိုက်ရသည့်အတွက် မေးလိုက်သည်။

နျိုဟုလုသခင်မရဲ့မျက်ရည်တွေက ချက်ချင်းပင်စီးကျလာ၏။ သူမက ကလေးကိုပွေ့ဖက်ကာ တိတ်ဆိတ်စွာငိုကြွေးနေခဲ့သည်။

Fourth Prince's Harem(Realm-19)[Myanmar Translation]Место, где живут истории. Откройте их для себя