Chapter - 1233

2.3K 401 5
                                    

[Unicode]

{သံသယဖြစ်ဖွယ်ကလေးထိန်း}

သည်ကလေးထိန်းနဲ့ပတ်သက်ပြီး တစ်ခုခုမူမမှန်ဘူးလို့ နဉ်ရှုခံစားနေရတာကြောင့် သူမ ကလေးထိန်းကို တိတ်တိတ်လေးစောင့်ကြည့်နေခဲ့သည်။ သို့သော်လည်း သူမ ကလေးထိန်းကို အရမ်းငံလွန်းတာတွေ မစားဖို့ပြောပြီးနောက် ကလေးထိန်းက ကောင်းကောင်းမွန်မွန်နေထိုင်နေကာ စားဖိုဆောင်ကလုပ်ပေးတဲ့အစားအသောက်တွေကို မကျေမနပ်မပြောတော့ဘဲ စားလေ၏။

ဒါက အရင်ကဖြစ်ခဲ့တဲ့ကိစ္စက သူမ အငံစားချင်နေလို့ဖြစ်တာလို့ တွေးသွားစေသည်။ နဉ်ရှု ပုံမှန်မဟုတ်တာတစ်ခုကိုမှသတိမထားမိဘဲ ကလေးထိန်းကလည်း ကလေးကို ကောင်းကောင်းဂရုစိုက်သည်။

နဉ်ရှု ဒုတိယအကြိမ်ပြန်ခန့်မှန်းစပြုလာသည်။ သူမ သံသယများလွန်းသွားတာဖြစ်နိုင်သည်။ နျိုဟုလုသခင်မရဲ့မိသားစုက သည်ကလေးထိန်းကို သေချာရွေးချယ်ထားတာဖြစ်ပြီး ကလေးထိန်းရွေးတာက ကလေးရဲ့အသက်ရှင်သန်နိုင်‌ရေးနဲ့ပါပတ်သက်နေတာမို့ သူတို့က အရမ်းကြီးနမော်နမဲ့လုပ်မည်မဟုတ်ပေ...။

သို့သော်လည်း ကလေးထိန်းနဲ့ အရင်ကကိစ္စဖြစ်ပြီးတဲ့နောက် သူမ သူမရဲ့သံသယတွေအားလုံးကို လွှတ်ချမထားရဲပေ။

သို့သော်လည်း သည်ကလေးထိန်းက ဘယ်လိုပဲကြည့်ကြည့် ပုံမှန်ဖြစ်နေသည်။ သူမက အချိန်အားလုံးနီးပါး နဉ်ရှုနဲ့ရှိနေ၏။

နဉ်ရှုက ကလေးထိန်းကို ရည်ရွယ်ချက်ရှိရှိ ကလေးနဲ့အဝေးမှာထားပြီး ကလေးနို့ဆာချိန်မှသာ အနားကပ်ခွင့်ပြုသည်။ သူမက ကလေးထိန်းနဲ့ကလေးကြားက ထိတွေ့ဆက်ဆံမှုကို အနည်းဆုံးဖြစ်နိုင်အောင်ကြိုးစားနေ၏။

"ဝါးးး၊ ဝါး..."

နဉ်ရှု ကလေးငိုသံနဲ့နှောင့်ယှက်ခံလိုက်ရချိန်မှာ သူမ လေ့ကျင့်နေဆဲဖြစ်၏။ သူမ မျက်လုံးဖွင့်လိုက်ချိန်၌ ပုခက်ထဲရှိကလေးက သက်တောင့်သက်သာမရှိသည့်အမူအရာဖြင့် သူ့ခြေထောက်တွေကိုကန်နေသည်။

နဉ်ရှု ကုတင်ပေါ်မှချက်ချင်းဆင်းကာ ကလေးကိုကောက်ချီလိုက်သည်။ ကလေးက ချက်ချင်းပင် သူမရဲ့ရင်ဘတ်ကိုဦးတည်လာ၏။ သူဗိုက်ဆာနေသည်မှာ သိသာသည်။ သူ့နှုတ်ခမ်းတွေက အနည်းငယ်ဖျော့တော့နေ၏။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now