Chapter - 1999

2.9K 550 14
                                    

[Zawgyi]

{Playing Telephone}

ရင်ကျန်းထွက်သွားပြီးနောက် စုန့်သခင်မမှာ ဝေခွဲရခက်နေဟန်ဖြင့်ကျန်ရစ်ခဲ့လေ၏။ ဘာက မင်းသားကို မပျော်မရွှင်ဖြစ်သွားစေတယ်ဆိုတာ သူမ မသိတာသိသာနေသည်။

နဉ်ရှု ဒါကို ရှင်းလင်းစွာပင်မြင်နိုင်သည်။ ရင်ကျန်းက စုန့်သခင်မကို စဉ်းစားတတိတယ်လို့ အခုလေးတင်ချီးကျူးခဲ့သော်လည်း ခဏလေးအတွင်းမှာပင် စုန့်သခင်မက သူ့ကို နေဖို့တောင်းဆိုသည်။ ကိုယ်ဝန်ရှိနေတဲ့ကိုယ်လုပ်တော်က သူမရဲ့အမျိုးသားကို ညအချိန်မှာနေပေးဖို့တောင်းဆိုတယ်?

တရားဝင်ဇနီးသည်ပင် သူမမှာကိုယ်ဝန်ရှိနေပြီး သူမရဲ့ယောက်ျားကို မခစားမပြုစုနိုင်တဲ့အခါ သူမအမျိုးသားအတွက် မိန်းမကူရှာပေးရသည်။ ဒါပေမယ့် ကိုယ်လုပ်တော်တစ်ယောက်က သူမကိုယ်ဝန်ရှိနေချိန်မှာ သူမရဲ့အမျိုးသားကို နေခိုင်းဝံ့သည်။ သူမက ကျင့်ဝတ်ထုံးတမ်းတွေကို တကယ်မသိဘူးပဲ။

ဒါ့အပြင် စုန့်သခင်မသည် အရာရာမှာ ပထမနေရာ၌ဦးစားပေးအလိုလိုက်ခြင်းခံရသူမဟုတ်ပေ။

စုန့်သခင်မသည် အနည်းငယ်ဒေါသထွက်သွားရကား စားပွဲပေါ်မှာစားစရာများအားလုံးကို တွန်းချလိုက်လေ၏။

ပန်းကန်တွေက ကြမ်းပေါ်ကိုကျသွားပြီး ကွဲအက်သံများထွက်ပေါ်လာသည်။ ဆီတွေနဲ့ရေတွေက ကွဲကြေနေတဲ့ကြွေထည်တွေနဲ့ရောသွားကာ ကြမ်းပြင်ကို လုံးဝညစ်ပတ်သွားစေ၏။

စုန့်သခင်မသည် ရင်ကျန်း၏လျင်မြန်လွန်းလှသောစိတ်အပြောင်းအလဲကြောင့် မကျေမနပ်ဖြစ်လျက်ရှိသည်။ သူမရဲ့ကိုယ်ဝန်ရှိနေချိန်စိတ်အခြေအနေနှင့်ပေါင်းလိုက်သည်၌ သူမကို ဆိုးရွားစွာပြုမူမိသွားစေသည်။

ဒေါသတို့ကို ခဏကြာဖြေလျှော့ပြီးနောက်တွင်တော့ စုန့်သခင်မသည် ကြမ်းပေါ်မှအရှုပ်အထွေးတို့ကိုမြင်သွားကာ စိတ်အနှောင့်အယှက်ဖြစ်သည့်အမူအရာက သူမမျက်နှာထက်၌ဖြတ်ပြေးသွား၏။ သူမက ဟုန်မေ့ကိုပြောသည်။

"ကြမ်းပေါ်ကဟာတွေအကုန်ရှင်းလိုက်စမ်း၊ ဘယ်သူမှ သတိမထားမိစေနဲ့။"

Fourth Prince's Harem(Realm-19)[Myanmar Translation]حيث تعيش القصص. اكتشف الآن