Chapter - 1220

2.7K 533 13
                                    

[Zawgyi]

{အသက်ရှည်ကြတယ်}

စုန့်သခင်မက ရင်ကျန်းကို ကလေးကိုခေါ်မသွားဖို့တောင်းပန်သော်လည်း ရင်ကျန်းကပြောသည်။

"မင်းက မင်းကလေးကိုဂရုမစိုက်ပေမယ့် ငါဂရုစိုက်တယ်။ ကလေး နည်းနည်းကြီးလာမှ ထပ်ပြောကြတာပေါ့။"

စုန့်သခင်မက ကလေးကို သိပ်ဂရုမစိုက်ဘုးဆိုတာ ရင်ကျန်းသိနေတယ်လို့ နဉ်ရှုခံစားလိုက်ရသည်။ ဒါကြောင့်ငါ သူက ကလေးကို ဒုတိယအဆင့်ကြင်ရာတော်ဖြစ်သည့် နျန်သခင်မထံပေးအပ်ခဲ့ခြင်းပင်။ နောက်ပိုင်းမှာ ဒီကလေးက စုန့်သခင်မဆီကိုပဲပြန်ရောက်မလား၊ နျန်သခင်မကပဲ ဆက်လက်ပျိုးထောင်ခွင့်ရမည်လားဆိုတာကတော့ အဖြေမရှိသေးသည့်ပုစ္ဆာတစ်ပုဒ်ပင်ဖြစ်၏။

အခုဆို သူမအတွက် ကလေးဆီသွားဖို့က ပိုလို့ပင်ခက်ခဲသွားပြီဖြစ်သည်။ သူမဆန္ဒရှိလျှင်တောင်မှ ပါဝင်ပတ်သတ်နိုင်စွမ်းမရှိပေ။ သို့သော်လည်း ကလေးရဲ့အခြေအနေက အခုဆို ပိုပြီးကောင်းလာပေတော့မည်။

ဒုတိယဆင့်ကြင်ရာတော်နျန်က ရင်ကျန်းတွေ့မြင်စေရန်အတွက် ဟန်ဆောင်ပန်ဆောင်လုပ်ခြင်းမျှသာဖြစ်သော်လည်း သူမက ကလေးကို အရမ်းကြီးဆိုးဆိုးရွားရွားဆက်ဆံလိမ့်မည်တော့မဟုတ်ပေ။ အနည်းဆုံးတော့ ကလေးက စုန့်သခင်မနဲ့အတူရှိနေချိန်တုန်းကထက် ပိုမိုကောင်းမွန်စွာနေရပေမည်။

စုန့်သခင်မက သူမရဲ့တာဝန်မဟုတ်တာကြောင့် နဉ်ရှု သူမကို အာရုံမစိုက်တော့ပေ။

ယခုအချိန်တွင် နဉ်ရှုမှာ နျိုဟုလုသခင်မ၏ခြံဝင်းတွင် စိတ်အေးချမ်းသာသွာဖြင့် သန့်ရှင်းရေးအစေခံတစ်ယောက်လုပ်နေနိုင်ပြီဖြစ်၏။ နျိုဟုလုသခင်မက သူမကိုမဆင့်ခေါ်လျှင် သူမကလည်း နျိုဟုလုသခင်မကို မချဉ်းကပ်ပေ။

တာဝန်ပြီးမြောက်သည်နှင့် ဒီကမ္ဘာမှ ချက်ချင်းထွက်ခွာရမည်ဖြစ်သောကြောင့် သူမသည် လှေကားထိပ်ရောက်အောင်ကြိုးစားတက်ဖို့  တစ်ခါမှမတွေးခဲ့ချေ။

နျိုဟုလုသခင်မက နဉ်ရှုကို အာဟာရပြည့်ဝသည့်စားဖွယ်များနှင့် ဘယ်စားဖွယ်က ကိုယ်ဝန်ရဖို့အထောက်အကူပြုလဲဆိုတာကို တစ်ခါတလေမေးတတ်သည်။ အမှန်အတိုင်းဆိုရလျှင်တော့ သူမ တကယ်ကို ကိုယ်ဝန်ရချင်နေ၏။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now