Chapter - 1227

2.4K 464 1
                                    

[Unicode]

{မျိုးရိုးကနျိုဟုလု}

နျိုဟုလာသခင်မငယ် ဝိဉာဉ်ကူးပြောင်းလာပြီးနောက် သူမရဲ့မျိုးရိုးက နျိုဟုလုဆိုတာသိလိုက်ရ၏။ သူမက ကျော်ကြားလှတဲ့နျိုဟုလုမိန်းကလေးဖြစ်မယ်လို့ထင်လိုက်သော်လည်း သူမက ကိုယ်လုပ်တော်သမီးနျိုဟုလုလင်ကျူးဖြစ်နေသည်ကို သိလိုက်ရသည်။

သူမရဲ့အထက်မှာ ဇနီးကြီးကမွေးသည့် အစ်မတစ်ယောက်ရှိပြီး သူမရဲ့အစ်မက ရင်ကျန်းရဲ့နန်းဆောင်ထဲ ဝင်ရောက်သွားခဲ့ပြီးဖြစ်၏။

သူမရဲ့အစ်မက မယ်တော်ကြီးနျိုဟုလုဆိုတာ မျိုဟုလုသခင်မငယ် အတော်လေးသေချာနေသည်။ အခု သူမက ကိုယ်ဝန်ရှိနေပြီဖြစ်၏။ ချန်လုံဧကရာဇ်လောင်းက သူမရဲ့ဗိုက်ထဲမှာ သေချာပေါက်ရှိနေသည်။

နျိုဟုလုသခင်ရဲ့ဗိုက်ကိုမြင်တိုင်း သူမ အလွန်ပင်စိုးရိမ်လာ၏။ ဒီကလေးသာပျောက်ကွယ်သွားလျှင် ဟုန်လီက သူမရဲ့ဗိုက်ထဲကနေထွက်လာပေမည်။

ဝိဉာဉ်ကူးပြောင်းတာကိုကြုံပြီးနောက်မှာမှ သူမ အောင်မြင်မှုကြီးကြီးမားမားမရနိုင်ဘူးဆိုလျှင် ဤကောင်းမွန်လှသောအနာဂတ်ကိုလက်လွှတ်လိုက်ရပေမည်။

"မြောင်လင်း၊ သခင်မက နင့်ကိုတွေ့ချင်နေတယ်။ မြန်မြန်လာ။"

ထုံယွီက အခန်းထဲဝင်လာကာ အမွှေးအိတ်များလုပ်နေသည့် နဉ်ရှုကိုပြော၏။

ထုံယွီ့ပုံစံက အရမ်းကိုစိုးရိမ်‌နေတာပုံရတာကို နဉ်ရှုတွေ့လိုက်သည်မို့ သူမက သူမလက်မှာကပ်နေတဲ့ ပူဒီနာရွက်တွေကိုခါချကာ ထရပ်ရင်းမေး၏။

"ဘာဖြစ်လို့လဲ?"

"လိုက်မှာသာလိုက်ခဲ့စမ်းပါ။"

ထုံယွီက ဆိုသည်။

နဉ်ရှု ထုံယွီ့နောက်မှနေ၍ နျိုဟုလုသခင်မ၏အခန်းဆီလိုက်သွားလိုက်သည်။ နျိုဟုလုသခင်မက ခုံပေါ်မှာထိုင်နေ၏။

"ကျွန်မ ဘာလုပ်ပေးရမလဲ သခင်မ။"

နဉ်ရှုက အရိုအသေပေးကာပေးသည်။

နျိုဟုလုသခင်မက စကားမပြောသော်လည်း သူမဘေးနားရှိထုံယွီကပြောလာ၏။

Fourth Prince's Harem(Realm-19)[Myanmar Translation]Where stories live. Discover now