Arc - 1.8

8.8K 1K 23
                                    

Zawgyi

Shayနှင့် ဂရေဟမ်တို့နှစ်ယောက်ဟာ အနောက်မှထွက်ပေါ်လာသော တားဆီးသံလေးကြောင့် ခြေလှမ်းတို့ကိုရပ်ကာ နှစ်ယောက်သားလှည့်ကြည့်လိုက်ကြတယ်။

ဟင်နရီဟာ လှည့်ကြည့်လာတဲ့လူနှစ်ယောက်မှshayအား လျစ်လျူရှုကာအကြည့်တစ်ချက်ပေ မပေးပဲ ဂရေဟမ်ကိုသာ မြဲမြန်စွာစိုက်ကြည့်လို့ ရှက်ပြုံးလေးပြုံးကာ သခင်မကြီးအားပြောလာတယ်။

"အမေ သားဒီနေ့အပြင်သွားစရာရှိလို့..အဲ့ဒါ အကိုဂရေဟမ်နဲ့ပဲလမ်းကြုံလိုက်သွားလို့ရလားဟင်?"

ဟင်နရီက ပါးစပ်ကသာသူ့အမေကိုဦးတည်ကာမေးမြန်းလိုက်ပေမဲ့ တကယ်တမ်းသူ့အမေဆီ လှည့်ပင်မကြည့်ချေ။ဒါက shayကို စိတ်ပျက်မိစေသည်။ဘယ်လောက်ပဲ လင်တာရူးရူးလေ အမေ့ကိုတော့လေးစားသင့်တယ်။

သခင်မကြီးကတော့ ရိုးသားသူပီပီ ဒါတွေကိုအာရုံမခံတတ်ပဲ သူမကပြုံးကာ ဂရေဟမ်အား အားနာစွာကြည့်လို့ ပြန်ပြောလာတယ်။

"ဒါက ဂရေဟမ်ကို မေးကြည့်ပါလား..ဂရေဟမ် လိုက်ခွင့်ပြုရင် လိုက်သွားပေါ့ ။ဒါပေမဲ့ အားနာစရာတော့ကောင်းပါရဲ့.."

ထိုအခါ ဟင်နရီက ဂရေဟမ်ကိုမော့ကြည့်လို့ အောက်နှုတ်ခမ်းလေးကိုဖိကိုက်ကာ လက်လေးနှစ်ဖက်ကိုပွတ်ပြီး တွန့်ဆုတ်စွာမေးလာတယ်။

"ဟို အစ်ကိုဂရေဟမ်...ဟင်နရီ အစ်ကို့ကားနဲ့လိုက်လို့ရမလားဟင်?"

ဂရေဟမ်က သူ့မူပိုင်အပြုံးတစ်ခုကိုဆင်မြန်းလျက်..
"ရပါတယ်..အပန်းကြီးတာမှမဟုတ်တာ..."

"ကျေးဇူးတင်ပါတယ် အစ်ကိုဂရေဟမ်!!"

ဟင်နရီက ဂရေဟမ်လက်ခံလိုက်တော့ အလွန်ပျော်ရွှင်လို့သွားသည်။ Shayကလဲ အနောက်မှနေ ခေါင်းညိတ်ကာ 'ဘယ်လိုလူက ဒီချစ်စရာကောင်းတဲ့ကောင်လေးကိုငြင်းရက်မှာလဲ?ဇာတ်လိုက်တောင် မငြင်းရက်ဘူး။'ဆိုပြီး တွေးနေသည်။

ထိုနောက် သူတို့သုံးယောက်က သခင်မကြီးအား နှုတ်ဆက်ကာ အိမ်ထဲမှထွက်လာခဲ့တယ်။Shay နှင့် ဂရေဟမ်က အရှေ့မှနေဘေးချင်းကပ်လျှောက်ကာ အလုပ်အကြောင်းပြောနေပြီး ဟင်နရီကအနောက်မှနေပါလာခဲ့သည်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now