Arc - 5.1

4.7K 445 14
                                    

Unicode

သိပ်ပြီးထင်ထင်ရှားရှားမရှိလှသော မြို့ငယ်တစ်ခုဆီကို လူငယ်ငါးယောက်အလည်အပတ်ရောက်လာကြသည်။ ထိုမြို့ငယ်၏ တစ်ခုတည်းသောတည်းခိုဆောင်ရှေ့၌လူငယ်ငါးယောက်လုံးရပ်ကာ ကြည့်နေကြ၏။

ငါးယောက်ထဲမှ အလယ်မှာရပ်နေသောလူငယ်က သူ့လက်ထဲကပုံတစ်ပုံနဲ့ သူ့ရှေ့က တည်းခိုဆောင်ကိုတစ်လှည့်စီကြည့်လိုက်ရင်း ပြောလိုက်သည်။

"ရောက်ပြီ..ဒီနေရာပဲ"

"အမလေး..ပုံစံကကြက်သီးထစရာကြီးဟ။ သေချာပေါက် youtubeမှာတွေ့တဲ့သရဲခြောက်တယ်ဆိုတဲ့နေရာပဲ"ဟု ထိုလူငယ်ဘေးမှ ကတုံးဆံပင်နှင့်လူငယ်ကပြောလိုက်သည်။

"လာပါ ဝင်ကြရအောင်"

ပထမလူငယ်ကပြောလိုက်တော့ ကျန်သုံးယောက်ကအထုတ်တွေဆွဲကာ ဝင်ဖို့လုပ်ကြသည်။သို့ပေမဲ့ သူတို့သူငယ်ချင်းတစ်ယောက်က လိုက်မဝင်လာပဲရပ်နေတာကိုသတိထားမိကာ အကုန်လုံးလှည့်ကြည့်လိုက်ကြသည်။ပထမလူငယ်က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။

"Shay..ဘာရပ်လုပ်နေတာလဲ..လာလေ"

"....."

Shayဆိုတဲ့လူငယ်ဟာ ကျောက်ရုပ်ကြီးတစ်ရုပ်လိုပင်ရပ်နေပြီး မျက်နှာသေဖြင့်ပြန်ပြောလိုက်သည်။

"ဆေးလိပ်သောက်လိုက်အုံးမယ်"

ကျန်လေးယောက် သံသယမဝင်ပေ။ ပထမလူငယ်ကပဲခေါင်းညိတ်လိုက်ပြီး..

"အဲ့ဆိုလည်း ပြီးတာနဲ့အမြန်လာခဲ့..ဟုတ်ပြီလား"

"အင်း"

ထိုလူငယ်လေးယောက်လုံး တည်းခိုဆောင်ထဲဝင်သွားသည်အထိ Shayဆိုတဲ့လူငယ်ကရပ်ကြည့်နေပြီး သူ့မြင်ကွင်းထဲမှပျောက်ကွယ်သွားတဲ့အခါ ချက်ချင်းတည်းခိုဆောင်ကိုကျောပေးလိုက်ပြီး တည်းခိုဆောင်နဲ့အနည်းငယ်အလှမ်းဝေးတဲ့အထိ ထွက်သွားလိုက်သည်။နောက်မှ အပင်တစ်ပင်အောက်မှာ ငုတ်တုတ်ထိုင်လိုက်ပြီး ဆေးလိပ်သောက်နေလိုက်၏။လည်ပင်းကိုခပ်ကြမ်းကြမ်းပွတ်လိုက်ပြီး သူ့ရှေ့က လမ်းကိုမမှိတ်မသုန်ဖြင့်ကြည့်နေလိုက်၏။

"ချီးလိုပဲ..မင်းထွက်လာစမ်း owl!"

[ဘာလဲ]

owlကပေါ်လာပြီး Shayကိုကြည့်ကာမေး၏။Shayဆေးလိပ် တစ်ရှိုက်ဖွာလိုက်ပြီး...

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now