Arc - 2.5

6.7K 953 29
                                    

Zawgyi

"တောက်!ဘယ်ကောင်က တံခါးကိုသော့ပိတ်ထားတာလဲကွ!!အခုချက်ချင်း သော့ဖွင့်စမ်း!"

Shayတစ်ယောက် အပြစ်ပေးတဲ့အခန်းရှေ့ရောက်တော့ တံခါးကိုဆွဲဖွင့်ပေမဲ့ပွင့်မလာတာကြောင့် အထိန်းတော်ကိုလှည့်ကာ ဒေါမာန်နဲ့အော်ပြောလိုက်သည်။အထိန်းတော်ဟာ ကြောက်ကြောက်လန့်လန့်နှင့် သော့သွားယူပြီးနောက် အခန်းတံခါးကိုဖွင့်ပေးသည်။အိမ်တော်ကလူတွေအားလုံးလည်း သူတို့သခင်ကြီးရဲ့ဒေါသကိုလန့်ဖြန့်နေကြကာ တုတ်တုတ်မှမလှုပ်ရဲကြချေ။

အထိန်းတော် သော့ခလောက်ဖြုတ်နေသည်ကိုမစောင့်ပဲ အထိန်းတော်အား တွန်းဖယ်ကာ တံခါးကိုဆောင့်ဖွင့်ပြီး အထဲသို့Shayအလောတကြီးဝင်သွားလိုက်သည်။မြင်လိုက်ရတဲ့ မြင်ကွင်းက သူ့ရင်ကိုအောင့်တက်သွားစေသည်။အထဲမှာမှောင်မည်းနေပေမဲ့ တံခါးဖွင့်လိုက်တဲ့အခါ အလင်းရောင်ကအခန်းတစ်ခုလုံးကို မထွန်းလင်းစေပေမဲ့ ကြမ်းပြင်မှာလဲကျနေသော ကလေးငယ်ကိုတော့ ခြုံလွမ်းစေသည်။

ဇိုးလ်လေးဟာ ကြမ်းပြင်မှာလဲကျနေကာ သူ့ရဲ့မျက်နှာလေးက သွေးမရှိသည့်အလား ဖြူဖျော့နေသည်။Shay ဇိုးလ်အနားသို့သွားကာ ဘေးမှာထိုင်လိုက်ပြီး ဇိုးလ်ခန္ဓာကိုယ်လေးအား ပွေ့ချီလိုက်သည်။

"သွား ဆရာဝန်သွားပင့်!!"ဟု Shayအထိန်းတော်ကို အမိန့်ပေးလိုက်ပြီး ဇိုးလ်ကိုပွေ့ချီကာ သူ့အခန်းသို့ချီလာခဲ့သည်။

အခန်းထဲရောက်တော့ ကုတင်ပေါ် ညင်သာစွာတင်လိုက်ပြီး ကလေးရဲ့နဖူးကိုစမ်းလိုက်သည်။ကိုယ်နည်းနည်းပူနေတာကြောင့် ရေပတ်တိုက်ပေးဖို့ တွေးလိုက်ပေမဲ့ ပထမတစ်ခါ ရေပတ်တိုက်ပေးတုန်းက ဇိုးလ်ရဲ့တကိုယ်လုံးစိုချွဲနေတာကို ပြန်မြင်ယောင်ကာ အိမ်ဖော်တစ်ယောက်ကိုခေါ်ပြီးသာ တိုက်ခိုင်းလိုက်တော့သည်။

အိမ်ဖော်အမျိုးသမီးမှာ ကိုယ်ပတ်တိုက်ပေးတဲ့တောက်လျှောက် အနောက်က စူးရဲတဲ့အကြည့်တစ်စုံကြောင့် နည်းနည်းလေးပဲ မလွဲချော်ရဲချေ။ကိုယ်ပတ်တိုက်ပြီးတဲ့အခါ အိမ်ဖော်အမျိုးသမီးကို အခန်းထဲမှနှင်ထုတ်လိုက်ပြီး သူ့အင်္ကျီတထည်ထုတ်ကာ ဇိုးလ်လေးအားဝတ်ဆင်ပေးလိုက်သည်။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Wo Geschichten leben. Entdecke jetzt