Arc - 3.7

5.6K 751 40
                                    

Unicode

Shay ဆိုယွန်းကို နားနေခန်းကဆိုဖာခုံမှာထားလိုက်ပြီး သူက ဘေးကနေရပ်ကြည့်နေလိုက်သည်။ သူ့အနေနဲ့ ဆိုယွန်းနဖူးလေးကိုစမ်း..လက်ကလေးကိုကိုင်ပြီး ငြင်သာတဲ့လေသံလေးနဲ့"မင်းအဆင်ပြေလား"ဟု ကြင်နာစွာမေးချင်တယ်။ဒါပေမဲ့ သူကအယ်ဖာ၊ဆိုယွန်းကအိုမီဂါ သူတို့နှစ်ယောက်နီးနီးကပ်ကပ်မနေသင့်သလို ဆိုယွန်းက သူ့ကိုသဘောကျလားမကျလားဆိုတာသေချာမသိသေးဘူး။

'ဒါကြောင့် ငါလူကြီးလူကောင်းဆန်ဆန်နေသင့်တယ်'

[ပြောတော့မပြောချင်ပေမဲ့ မင်းoocမပြုတ်သေးဘူးနော်။မင်ဟယ်ဆောင်း စရိုက်နဲ့ဆို လူကြီးလူကောင်းဆန်တယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သူသိတောင်သိမှာမဟုတ်ဘူး။]

'ငါသိတယ်။ဒီတိုင်းပြောတာ..ဟုတ်ပြီလား။ပြောလို့တောင်မရဘူးလား..။'

Shayလည်း အမြင်ကပ်ကပ်နဲ့ပြန်ပြောလိုက်တယ်။ဟုတ်တယ် အလကားနေoocဆိုတာကြီးကိုသတိလာလာပေးနေစရာမလိုပါဘူး။ သူလည်း အဲ့oocဆိုတာကို ပွေ့ဖက်ထားချင်နေတာမဟုတ်ဘူး။ မချစ်ပေမဲ့ အောင့်ကာနမ်းဆိုသလိုပေါ့။ oocမပြုတ်သေးလို့ ဘာမှမတတ်နိုင်ဖြစ်နေရတာ။သူ့လောက် ပြုတ်ချင်နေတာသူပဲရှိတယ်။

"အင်းး..အာ ကျွန်တော်ဘာဖြစ်သွားတာလဲဗျ.."

"မင်းသတိရလာပြီပဲ"

"ဟုတ်"

တကယ်က သူမေ့ကိုမမေ့လဲနေဘူးလေ။ မင်ဟယ်ဆောင်းများ သူ့ကိုတစ်ခုခုလုပ်လာမလားလို့ ငြိမ်နေခဲ့တာ။ဒါပေမဲ့ မင်ဟယ်ဆောင်းက ဘာမှမလုပ်တဲ့အပြင် မတ်တပ်ကြီးသေနေသလားတောင်မသိဘူး။မလှုပ်မရှား၊ ဘာစကားမှလည်းမပြော၊သူ့ကိုလည်း ဂရုမစိုက်ပဲ ဒီတိုင်းကြီးရပ်နေတော့ သူလည်းထလာလိုက်တာ။

'တကယ်..စိတ်ပျက်ဖို့ကောင်းတယ်။အရင့်အရင် လူတွေ ဒီလူ့ကိုလာကြည့်ကြိုက်ကြတာလဲ..'

"မင်းနိုးလာပြီဆိုလည်း ငါသွားပြီ။"

"ဟို ကျေးဇူးတင်ပါတယ်ဗျ..သခင်လေးကိုအလုပ်ရှုစေခဲ့မိပြီ"

"သိရင်ပြီးတာပဲ.. နောက်တစ်ခါတော့ ငါ့ပေါ်ကိုလာမမေ့လဲနဲ့ပေါ့..နောက်ပြီး မင်းခန္ဓာကိုယ်က ပေါ့လိုက်တာ လေတိုက်ရင်တောင် ပါသွားလောက်တယ်။အစားလေးဘာလေးလည်းစားဦး"

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now