Arc-6.20( 🔞)

1.9K 139 7
                                    

Unicode

Avo:
အန်းရက်စ်ကအယ်လ်ဒန်ရဲ့ခန္ဓာကိုယ်ကိုလုံးဝမလွှတ်ပေးချေ။သူ့တကိုယ်လုံးရေစိုရွှဲကာ ချမ်းလို့တုန်ရီနေပေမဲ့ သူကဒါကိုမမှုပဲရေထဲမှာသာဆက်ပြီးထိုင်နေသည်။

"အယ်လ် ကိုယ်မင်းကိုပြောစရာရှိတယ်"

"Shay..ငါ့ကိုShayလို့ခေါ်.."

အန်းရက်စ်ကဘာကြောင့်ဘာညာမမေးပဲ"Shay"ဟုဆိုပြီး ချက်ချင်းပြောင်းလဲကာခေါ်ဆိုလေသည်။ ထူးဆန်းစွာပဲ ထိုနာမည်လေးကသူနှင့်ပိုပြီးရင်းနှီးနေသည်ဟုခံစားရသည်။ အဲဒီနောက် Shayရဲ့ရေစိုနေသောဆံနွယ်စလေးများကိုထိတွေ့လိုက်ပြီး..

"ကိုယ်ဒီစကားကိုပြောချင်နေခဲ့တာကြာပြီ ။အခုမှပဲပြောခွင့်ရတော့မယ်..Shay..ကိုယ်မင်းကိုချစ်တယ်။ မင်းယုံကြည်မလားတော့မသိပေမဲ့ မင်းကိုကိုယ်မြင်မြင်ချင်းချစ်ခဲ့တာ"

"ငါမင်းကိုယုံကြည်တယ်။အန်း..ငါလည်းမင်းကိုချစ်တယ်"

အန်းရက်စ်မှာကြောင်ငေးသွားပြီး အခုလေးတင်သူဘာကိုကြားလိုက်တာလဲဟုတွေးနေမိတော့သည်။ သူ့မှာအံ့သြလွန်းလို့တုန့်ပြန်မှုပင်မပေးနိုင်ချေ။

"မင်းကိုမြင်ကတည်းက မင်းကငါ့လူဆိုပြီးသတ်မှတ်ထားခဲ့တာ"ဟူ၍Shayဟာခေါင်းလေးကိုငုံ့လိုက်ပြီး အရှက်သသည်းစွာပြောလိုက်သည်။

တော်တော်ကြာမှအန်းရက်စ်ဆီမှအံ့အားသင့်မှုနှင့်မယုံကြည်မှုတို့ရောစွက်နေသော စကားသံတထွက်ပေါ်လာသည်။

"Shay မင်းတကယ်..မင်းတကယ်ပြောတာလား။ကိုယ့်ကိုမင်းလည်းချစ်နေတယ်ပေါ့!"

"အင်း"

အန်းရက်စ်မှာအပျော်လွန်ပြီး သူ့ရဲ့အပြုံးတို့ကိုမဖျောက်ပစ်နိုင်တော့ချေ။ အခုတော့သူစောင့်ရကျိုးနပ်ပြီပေါ့လေ။ သူထင်ခဲ့သလိုပဲ အယ်လ်..မဟုတ်ဘူး Shayဟာလည်းသူ့အပေါ်ခံစားချက်ရှိနေသည်။

"ကိုယ်အရမ်းပျော်တယ် Shayရာ..ကိုယ်သေပျော်ပါပြီ"ဟူ၍ပြောရင်း အန်းရက်စ်မှာShayကိုတင်းကြပ်စွာဖက်ထားပစ်လိုက်သည်။

ထိုစဥ်..

"စောက်ရမ်းတွေပျော်နေတယ်ပေါ့!"

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now