Arc - 2.15

4.9K 765 15
                                    

Zawgyi

နောက်ရက်တွင် ဇိုးလ်ဟာ သူ့အလုပ်ခန်း၌ အလုပ်လုပ်ချင်ယောင်ဆောင်နေစဉ် တံခါးခေါက်သံကြားလိုက်ရသည်။ပျင်းရိပျင်းတွဲခုံကိုမှီကာ နေနေတဲ့ပုံစံကနေ ကျောကိုမတ်ကာ Shayထိုင်လိုက်၏။ထိုနောက် သြဇာပြည့်ဝသော အသံဖြင့်ပြောလိုက်သည်။

"ဝင်လာခဲ့!"

အမ်နာက တံခါးဖွင့်ကာ ဝင်လာပြီး သူမက အရိုအသေပေးလာကာ ပြောလာသည်။

"သခင်ကြီး..သခင်လေးကို စာသင်ပြဖို့ ဆရာရောက်လာပါပြီ!"

"ဟုတ်လား!ကောင်းပြီ ။ဇိုးလ်ရော ဘယ်မှာလဲ?"

"သခင်လေးက သူ့အခန်းမှာပါ သခင်ကြီး!"

"အင်း..ဇိုးလ်ကို ဧည့်ခန်းကိုခေါ်လာခဲ့ပါ!"

"ဟုတ်ကဲ့ပါ သခင်ကြီး!"

Shayလည်း အလုပ်ခန်းမှထွက်ကာ ဧည့်ခန်းဆီသွားလိုက်သည်။ဇိုးလ်ကိုစာသင်ပြမည့် ဆရာဟာ ဆိုဖာမှာထိုင်နေပြီး သူ့ကိုမြင်တော့ ထကာနှုတ်ဆက်အရိုအသေပေး၏။သူလည်း လက်ကာပြလိုက်ပြီး..

"ရပါတယ် ။ထိုင်ပါ...အခုလိုရောက်လာပေးတဲ့အတွက် ကျေးဇူးပါ.."

"မဟုတ်တာ အမတ်စီးရစ်ရယ်၊ ကျွန်တော်ကသာ အခုလို အမတ်ဆီကဖိတ်ကြားခံရတဲ့အတွက် ဂုဏ်ယူမိနေပါတယ်!"

"ခဏလောက် စောင့်ပေးပါဦး..!ကျုပ်သားမကြာခင်ရောက်လာပါလိမ့်မယ်!"

"ကောင်းပါပြီ!"

သိပ်မကြာခင်မှာပဲ အမ်နာနဲ့အတူ ဇိုးလ်ဟာ ဧည့်ခန်းသို့ရောက်လာသည်။ဇိုးလ်က သူ့ပါးပါးကိုမြင်တော့ ပျော်ရွှင်သွားကာ အနားသို့ခြေလှမ်းကျဲများဖြင့်လျှောက်လာ၏။

"ပါးပါး!"

"အင်း ရောက်လာပြီလာ!လာ ဒီမှာ ဆရာ့ကိုနှုတ်ဆက်လိုက်ဦး..!"

ဇိုးလ်က သူ့ပါးပါးညွှန်ပြတဲ့လူကိုကြည့်လိုက်သည်။မျက်မှန်အဝိုင်းကိုတပ်ဆင်ထားပြီး နှုတ်ခမ်းမွှေးနဲ့ထိုဆရာကို ဘဝင်သိပ်မကျပေ။သို့ပေမဲ့ ပါးပါးက နှုတ်ဆက်ခိုင်းတာကြောင့် ဇိုးလ်က နှုတ်ဆက်လိုက်၏။

"တွေ့ရတာဝမ်းသာပါတယ် ဆရာ!ကျွန်တော့်နာမည်က ဇိုးလ်လို့ခေါ်ပါတယ်..!"

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now