Arc - 6.12

1.8K 219 8
                                    


Unicode

လှည်းအတွင်းတွင်တော့ ရေသူထီးနှင့်လူသားဟာတစ်ယောက်နှင့်တစ်ယောက်အကြည့်ချင်းဆုံ၍စစ်ခင်းနေကြသည်။ Shayတစ်ယောက်ကတော့မျက်လုံးကိုမှိတ်ထားသည်။ သို့သော်သူ့ကိုအလယ်မှာညှပ်၍ဘယ်နဲ့ညာတွင်ထိုင်ကာ ရန်ဖြစ်နေကြသည့်နှစ်ယောက်ကြောင့်စိတ်တိုလို့လာသည်။

နေရာကကျဥ်းရသည့်ကြားထဲ လှုပ်ရွနေသည့်နှစ်ယောက်ကြောင့် shayသည်းမခံနိုင်တော့ပေ။
"မင်းတို့နှစ်ယောက်အခုချက်ချင်း အဲဒီဖက်မှာသွားထိုင်ကြစမ်း!"

ယောကျာ်းသားနှစ်ယောက်မှာ အယ်လ်ဒန်ရဲ့စကားအဆုံးမှာငြိမ်သတ်သွားပြီး အောက်နှုတ်ခမ်းကိုတင်းတင်းစေ့ကာ လိမ်မာစွာဖြင့်တစ်ဖက်မှခုံတွင်ဝင်ထိုင်လိုက်ကြသည်။ထိုအခါမှShayလည်းအသက်ရှူချောင်သွားရသည်။ လှည်းမူးချင်ရသည့်အထဲ ဒင်းတို့ကဘေးမှာလာနားပူနေကြသေးသည်။

Shayရဲ့မျက်နှာလေးကမကောင်းတာကြောင့် ယောကျာ်းနှစ်ယောက်မှာပြာယာခတ်လို့နေကြသည်။

အန်းရက်စ်ကစိတ်ပူစွာဖြင့် အယ်လ်ဒန်ကိုကြည့်ကာမေးလိုက်သည်။
"အယ်လ် မင်းနေမကောင်းဘူးလားဟင်?မုန့်စားမလား?ဒါမှမဟုတ် အိပ်ချင်နေသေးလို့လား..ကိုယ့်ရဲ့ပေါင်ပေါ်မှာအိပ်လို့ရတယ်နော်"

"မင်းထင်တာတွေတစ်ခုမှမဟုတ်ဘူး။Shayကရေသူထီးလေ ရေဓာတ်လိုအပ်နေတာကွ။ ဒါကြောင့်ငါသူ့ကိုရေသူတိုင်းပြည်ကိုအမြန်ခေါ်သွားရမယ်!"ဟူ၍ လီအိုနေးဟာလက်ပိုက်ကာသူပြောတာကမှန်ကန်ကြောင်းယုံကြည်ချက်ရှိစွာဖြင့်ပြောသည်။

အန်းရက်စ်ကမျက်မှောင်ကြုတ်လို့သွားပြီး လီအိုနေးကိုအံကြိတ်ကာစိုက်ကြည့်လိုက်သည်။
"သူ့နာမည်ကအယ်လ် Shayမဟုတ်ဘူး!"

လီအိုနေးကအန်းရက်စ်ကိုအထင်သေးစွာကြည့်၍ ခပ်လှောင်လှောင်ပြုံးလိုက်ရင်း..
"Shayဆိုတာကသူ့နာမည်အရင်းကွ!အယ်လ်ဆိုတာကအတုအယောင်ပဲ..ဒီမှာငါကသူ့အကြောင်းကိုမင်းထက်ပိုသိတယ်နော်.."

"မင်း!"

Shayမှာထိုနှစ်ယောက်ကိုကြည့်ပြီး သူလည်းမထိန်းနိုင်တော့တာကြောင့် လျစ်လျူရှုဖို့ဆုံးဖြတ်လိုက်သည်။ သူ့ex-husbandရဲ့ကလေးဆန်မှုကတော့ သူ့ရဲ့ဝိညာဥ်နှင့်ပင်ပြိုင်ပြီးရန်ဖြစ်နေသေးသည်။ဟူးး ရေသူတိုင်းပြည်ကိုပြန်မယ်၊missionအမြန်ပြီးလေအကောင်းဆုံးပဲ။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now