Arc - 5.4

2.6K 427 10
                                    

Unicode

Shayတစ်ယောက် အသက်ကိုရှူသွင်းလိုက်ပြီးနောက် Lucyကိုပြောလိုက်သည်။

"Lucy..အနောက်ကိုကြည့်!"

ထိုနောက် သူငုံ့ပြီးထိုင်ချလိုက်ကာ ဖိနပ်ကြိုးချည်ချင်ယောင်ဆောင်လိုက်သည်။

Lucyဟာ မှိတ်တုတ်မှိတ်တုတ်မီးတွေကိုကြည့်နေစဥ် Shayရဲ့စကားကြောင့် အနောက်ကိုချက်ချင်းလှည့်ကြည့်လိုက်သည်။ သူမမြင်တွေ့လိုက်သည်က Shayမျက်ခွပ်ကိုတော့မဟုတ်ပဲ မှိတ်တုတ်မှိတ်တုတ်ဖြစ်မနေတဲ့မီးလုံးတစ်လုံးအောက်မှာ တောင့်တောင့်ကြီးရပ်နေသော လူတစ်ယောက်ကိုပဲဖြစ်သည်။

Lucy ထိုလူကိုသေချာကြည့်လိုက်တဲ့အခါ Joelဖြစ်နေသည်။

"Joel?Joelမဟုတ်လား.."

Shayတစ်ယောက် ဖိနပ်ကြိုးချည်ချင်ယောင်ဆောင်နေရင်း Lucyဆီကသရဲဆိုတဲ့အသံထွက်မလာပဲ Joelဆိုသည့်အသံထွက်လာသည်ကြောင့် ထလိုက်ကာ အနောက်ကိုလှည့်ကြည့်လိုက်သည်။ Joelက သူတို့နဲ့နည်းနည်းဝေးတဲ့နေရာမှာ မတ်တပ်ကြီးရပ်နေသည်ကိုမြင်လိုက်သည်။Lucyက သူ့ဘေးမှာလာရပ်ကာ Joelကိုပြောလာသည်။

"Joel..ရှင်ဘယ်တွေရောက်နေတာလဲ?Joshနဲ့Markကသိပ်မကြာသေးခင်ကပဲ ရှင့်ကိုရှာဖို့ထွက်သွားကြတယ်။ကျွန်မတို့တွေ ရှင့်ကိုမတွေ့လို့စိတ်ပူနေကြတာ.."

"....."

Lucyကစိုးရိမ်စွာပြောဆိုနေပေမဲ့ Joelဟာတော့ လှုပ်ရှားမှုသေးသေးလေးတောင်မရှိပဲ သူတို့နှစ်ယောက်ကိုစိုက်ကြည့်လို့နေ၏။ Lucyက Joel၏ထူးဆန်းမှုကိုသတိမထားမိပေမဲ့ Shayကတော့သတိထားမိသည်။ Lucyက Joelဘာမှပြန်မပြောသောကြောင့် အနားကိုကပ်သွားဖို့ခြေလှမ်းပြင်သည်။ Shayတစ်ယောက်တားလိုက်၏။

"နေဦး..Joelကထူးဆန်းနေတယ်မထင်ဘူးလား။"

Lucyက Shayကိုမျက်မှောင်ကြုတ်ကာမော့ကြည့်၏။
"Joelကဘယ်မှာထူးဆန်းနေလို့လဲ..ဘာတွေလာပြောလဲမသိဘူး။Jashတို့ကို Joelကိုရှာတွေ့ပြီဆိုတာအသိသွားပေးလိုက်အုံး"

"မသွားနဲ့..Joelတစ်ခုခုဖြစ်နေတယ်။"

Lucyက Shayသတိပေးစကားကိုနားမထောင်ပေ။သူမက Shayဟာ သူမရဲ့အာရုံစိုက်မှုကိုလိုချင်လို့ ပေါက်ကရတွေလျှောက်ပြောနေသည်ဟုပဲတွေးကာ Joelဆီသို့လျှောက်သွားသည်။ Shayလည်း သူစကားကိုနားမထောင်တဲ့Lucyကြောင့် မတားတော့ပေ။လူတွေက လက်တွေ့ခံရမှမှတ်မှာဟုတွေးလိုက်သည်။ ဒါကြောင့် Shayနံရံနားကပ်ကာရပ်ကြည့်နေလိုက်၏။

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Where stories live. Discover now