Arc - 1.14

7.1K 950 26
                                    

Zawgyi

ဒီလိုနှင့် နှစ်ရက်ကြာတဲ့အခါ ဂရေဟမ်ရဲ့အဖိုးမွေးနေ့ပွဲကိုရောက်ရှိလို့လာသည်။မစ္စတာဂျွန်နသန်ရဲ့(၉၉)နှစ်ပြည့် မွေးနေ့ပွဲဟာခမ်းနားထည်ဝါကာ အထက်တန်းလွှာလူတန်းစားများ၊ အောင်မြင်တဲ့စီးပွားရေးရှင်ကြီးများ လည်းကြွရောက်လို့လာကြသည်။

ဂရေဟမ်ဟာ ခန်းမ၏အပြင်ဘက် အပေါက်ဝတွင်မတ်တပ်ရပ်လို့နေပြီး မွေးနေ့ပွဲသို့ကြွရောက်လာသော လူများက သူ့ကိုမြင်တော့ လာရောက်ကာနှုတ်ဆက်ကျတဲ့အခါ သူဟာအပြုံးတစ်ခုကိုသာပန်ဆင်ထားပြီး ပြန်နှုတ်ဆက်သည်။ရောက်ရှိလာတဲ့မိသားစုများမှ သမီးပျိုသားပျိုလေးတွေဟာ ဂရဟမ်ဘေးမှဖြတ်လျှောက်သွားချိန် သူတို့ကသမင်လည်ပြန်လှည့်မကြည့်ပဲမနေနိုင်ကြဘူး။

190cmရှိသောအရပ်နှင့်တောင့်တင်းတဲ့ခန္ဓာကိုယ်ဟာ အနက်ရောင်suitနှင့်လိုက်ဖက်ကာ လွန်စွာသပ်ရပ်ကြည့်ကောင်းကာ ခန့်ညားလို့နေသည်။ဆံပင်ကိုခေါင်းလိမ်းဆီနှင့် လှန်တင်ကာကေသွေးထားတာကြောင့် ခန့်ညားချောမောတဲ့မျက်နှာဟာ ထင်ရှားပေါ်လွင်လို့နေပြီး စူးရှတဲ့မျက်ဝန်းတစ်စုံဟာ အပြင်ဘက်ကိုကြည့်နေကာ အနီရင့်ရောင်နှုတ်ခမ်းပါးက အပြုံးဆင်ထားကာ မွေးနေ့ပွဲရောက်ရှိလာသော လူငယ်လေးများကိုရင်ခုန်စေသည်။

ဂရေဟမ်ဟာ သူ၏အဖိုးမွေးနေ့ပွဲကြွရောက်လာကြသော ဧည့်သည်များကို အပြုံးနှင့်နှုတ်ဆက်နေပေမဲ့ သူ့ရဲ့အာရုံကတော့ ရောက်မလာသေးတဲ့ မိသားစုတစ်စုဆီမှာပဲရှိနေသည်။မိသားစုတစ်စုထက် ထိုမိသားစုက လူငယ်လေးတစ်ယောက်ဆီမှာဆိုပိုမှန်မည်။

ထိုအချိန်မှာပဲ ဂျွန်နသန်မိသားစုကုမ္ပဏီတွင်ရှယ်ယာဝင်ထားသော ရှယ်ယာရှင်တစ်ယောက်ဟာ သူ့မိန်းမရယ် သမီးပျိုရယ် ဘေးတစ်ဖက်ဆီမှာပါလာလျက် ဂရေဟမ်ဆီကိုရောက်ရှိလာသည်။

"မစ္စတာဂျွန်နသန်...အခုလို ကျွန်တော်တို့မိသားစုကို အဖိုးဖြစ်သူရဲ့မွန်မြတ်လှရဲ့မွေးနေ့ပွဲကိုဖိတ်ကြားတဲ့အတွက် အလွန်ဂုဏ်ယူကာ ကျေးဇူးတင်ပါတယ်!ဒါကတော့ ကျွန်တော့်မိန်းမ နဲ့ ကျွန်တော့်ရဲ့ တစ်ဦးတည်းသောသမီးလေးပါ!"

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Donde viven las historias. Descúbrelo ahora