Arc - 5.7

2.7K 395 7
                                    

Unicode

"မင်း အဲ့ဘက်မှာအိပ်၊ငါဒီဘက်မှာအိပ်မယ်"

Shayက danielကိုကုတင်ရဲ့ ညာဘက်မှာအိပ်ဖို့ပြောလိုက်ပြီး သူကသူ့နေရာ၌ဝင်လှဲလိုက်၏။ Danielကကုတင်ပေါ်တက်လာကာ သူ့ဘက်မှာဝင်လှဲလိုက်ပြီး ခန္ဓာကိုယ်ကိုဘေးစောင်းနေကာ လက်မောင်းပေါ်သို့မျက်နှာမှီရင်း Shayကိုကြည့်လာ၏။ Shayလည်း စိုက်ကြည့်ခံနေရတော့ မျက်မှောင်ကုတ်လိုက်ပြီး Danielကိုသူ့လက်ဖြင့်အိပ်ယာပေါ်တွန်းဖိလိုက်၏။

"ငါ့ကိုကြည့်မနေပဲ အိပ်တော့"

"အဟက်"

Danielကခပ်တိုးတိုးရယ်လာကာ ပတ်လက်လှဲအိပ်လိုက်၏။ဒါပေမဲ့ သူကShayရဲ့လက်ကိုဖမ်းဆွဲထားကာ သူ့ရင်ဘတ်ပေါ်သို့တင်ထား၏။ခဏကြာတော့ Shayနှင့်Danielဟာ အိပ်မပျော်ပဲမျက်လုံးပြူးနေကြ၏။

Shayက အိပ်မပျော်တဲ့အခါ စကားများဖို့ဆုံးဖြတ်လိုက်၏။သူကDanielကိုလှည့်ကြည့်ကာမေးလိုက်သည်။

"Daniel.."

"ဗျာ?"

"..မင်းရဲ့နာမည်အရင်းကဘာလဲ?"

"..."

"မင်းကငါ့ချစ်သူလို့ Owlကလည်းပြောတယ်လေ။မင်းကလည်းပြောတယ်ဆိုတော့ ငါယုံကြည်လိုက်ပါမယ်။ဒါမဲ့မင်းရဲ့နာမည်ကိုတော့ငါသိချင်တယ်။နာမည်တင်မဟုတ်ပဲ မင်းဘယ်ကလာတာလဲ..ငါနဲ့မင်းကဘယ်လိုဆုံခဲ့လို့ မင်းကငါ့ချစ်သူဖြစ်လာတာလဲ။ငါကရော ဘယ်သူလဲ?အကုန်သိချင်တယ်!"

"...."

Danielက ပြန်ဖြေမလာချေ။အဲ့အစား သူကမျက်နှာကြပ်ကိုသာအကြာကြီးစိုက်ကြည့်လို့နေ၏။ ကြာလာတော့ Shayစိတ်တိုလာပြီး နှုတ်ခမ်းဆူလိုက်၏။

"ဟွန့် မပြောချင်လည်းမပြောချင်ဘူးပြောလေ။ဘာမှန်းမသိဘူး။အိပ်တော့မယ်"

Shayလည်း danielကပြောဖို့စိတ်ကူးမရှိမှတော့ အတင်းအကြပ်ကြီးလိုက်မေးမနေတော့ပဲ တစ်ဖက်သို့လှည့်ပြီး Danielကိုကျောခိုင်းကာ အိပ်ဖို့သာပြင်လိုက်တော့၏။ သူအိပ်ပျော်ခါနီးမှပဲ Danielဆီကအသံထွက်လာ၏။

"ကျွန်တော်မပြောချင်လို့မဟုတ်ပါဘူး။ခင်ဗျားဘာသာမှတ်မိစေချင်လို့ပါ ။ခင်ဗျားမှတ်မိတဲ့အချိန်ကျရင် ကျွန်တော်ခင်ဗျားအထင်လွဲခဲ့တာကိုရှင်းပြပေးချင်တယ်။တောင်းပန်စကားတွေလည်းအများကြီးပြောမယ်။ ဒါပေမဲ့ အသေချာဆုံးတစ်ခုကိုမှတ်ထားပါ..အဲ့ဒါက ကျွန်တော်ခင်ဗျားကိုစောက်ရမ်းချစ်တယ်ဆိုတာပဲ"

ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်း || BL(COMPLETE✔)Onde histórias criam vida. Descubra agora